Connect with us

Politics, Law & Military

အဓမ္မ ခိုင်းစေခံ လုပ်သား အမှုပေါင်း ၃၇၈ မှုအနက် ၂၁၇ မှုတို့ကို ဖြေရှင်း ပိတ်သိမ်းနိုင် ဟုဆို

အမျိုးသား အဆင့် အဓမ္မခိုင်းစေမှု ဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသား ကော်မတီ ပထမအကြိမ်ညှိနှိုင်း အစည်းအဝေး ကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

အမျိုးသား အဆင့် အဓမ္မခိုင်းစေမှု ဆိုင်ရာ တိုင်ကြားမှု ယန္တရား (NCM:_ National Complaints Mechanism) ထူထောင်ဆဲ ကြားကာလတွင် တိုင်ကြားသည့် အမှုပေါင်း ၃၇၈ မှု အနက် ၂၁၇ မှုတို့ ကို ဖြေရှင်း ပိတ်သိမ်းနိုင်ခဲ့ကြောင်း၊ ကျန်အမှုများကိုလည်း အမြန် ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက နေပြည်တော်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ရုံအမှတ်(၅၁) တွင် ယနေ့နံနက်ပိုင်း ပြုလုပ်သည့် အမျိုးသား အဆင့် အဓမ္မခိုင်းစေမှု ဆိုင်ရာ တိုင်ကြားမှုယန္တရား (NCM:_ National Complaints Mechanism) အကောင်အထည် ဖော်ရေး အမျိုးသား ကော်မတီ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေး၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 “SU (Supplementary Understanding) ယန္တရားအရ ပိတ်သိမ်းဖို့ ကျန်နေတဲ့ အမှုများအား ပိတ် သိမ်းနိုင်ရေး အလေးထား ဆောင်ရွက်ခဲ့ရာမှာ ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်တဲ့ အမှု ၃၇၈ မှုကို ပိတ်သိမ်းရေးဆောင်ရွက်ဖို့ ကာကွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား ၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ ILO (International Labour Organization) တို့ ညှိနှိုင်းမှု အရ အစည်းအဝေး သုံးကြိမ်ပြုလုပ်ခဲ့ပါတယ်၊  အမှုပေါင်း ၂၁၇ မှုတို့ကို ပိတ်သိမ်းနိုင်ခဲ့ ပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

ထိုသို့ ဆောင်ရွက်နိုင်ခဲ့သဖြင့် ကာကွယ်ရေး ဝန်ကြီးဌာနကို ကျေးဇူးတင်ရှိပါကြောင်း၊ ကျန်ရှိ အမှု ၁၆၁ မှုတို့ကို ပိတ်သိမ်းနိုင်ရေးအတွက် စိစစ် ဆုံးဖြတ်ချက်များအပေါ် ILO က အမြန်ဆုံး အတည်ပြု ရန် မေတ္တာရပ်ခံပါကြောင်း၊ ILO အနေဖြင့် SU (Supplementary Understanding) အဖြစ် လက်ခံ ထားသည့် ၂၇၇ မှုကို သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းကာ ပြန်ကြားချက် ပေးပို့ခဲ့ကြောင်း၊ ILOက ပိတ်သိမ်းပေးသည့် အမှုများ ရှိသကဲ့သို့ ပိတ်သိမ်း ရန် ကျန်အမှုများလည်း ရှိနေကြောင်း၊ ထိုအမှုများ အား ပိတ်သိမ်းနိုင်ရေး အမြန်ဆုံး ပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါကြောင်း၊ အဓမ္မ ခိုင်းစေမှု ပပျောက်ရေးကိစ္စသည် နိုင်ငံတော်၏ ဦးစားပေး ကိစ္စဖြစ်ပြီး အဖွဲ့အစည်း တစ်ခုတည်းက အောင်မြင် အောင် ဆောင်ရွက်ဖို့ မဖြစ်နိုင်သောကြောင့် အားလုံးက ဝိုင်းဝန်း ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါ ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ 

SU (Supplementary Understanding) ယန္တရားအရ ပိတ်သိမ်းရန် ကြန့်ကြာမှု ၃၇၈ မှုတို့မှာ ခွင့်မဲ့ပျက်ကွက်သူများ ၈၂ မှု၊ နုတ်ထွက်ခွင့် ပြုပြီးသူများ ၁၃၈ မှု၊ နေရပ်လိပ်စာမှန် မရရှိသူများ ၃၈ မှု၊ ဆက်လက် အမှုထမ်းမည့်သူများ ၂၃ မှု၊ တပ်တွင် စုဆောင်းမှု မရှိသူများ ၁၉ မှု၊ ထောင်လွတ် လက်မှတ်ဖြင့် ပြန်ကြားပေးသူများ ၁၈ မှု၊ သေဆုံး/ ကျဆုံး ၆ မှု၊ အခြား ၅ မှု၊ ကုလသမဂ္ဂ စောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေး လုပ်ငန်းအဖွဲ့(UNCTFMR) အတွင်း ကျရောက်သူ ၄၉ မှု တို့ ဖြစ်ကြပြီး ပိတ်သိမ်းအမှု ၂၁၇ မှု၊ ပိတ်ရန်ကျန် ၁၆၁ မှုတို့ ဖြစ်ကြောင်း၊ အဓမ္မ စေခိုင်းမှု ပပျောက်ရေး အမျိုးသား အဆင့် တိုင်ကြားမှု ယန္တရား အပေါ် နိုင်ငံတကာက အသိအမှတ်ပြုပြီး ယုံကြည် စိတ်ချရသည့် ယန္တရား ဖြစ်လာစေရန်၊ အဓမ္မ စေခိုင်းသူများ ရှိပါက လုံခြုံ စိတ်ချစွာ တိုင်ကြားနိုင်ရန်၊ လက်တုံ့ပြန်မှု မရှိစေရေးနှင့် တိုင်ကြားသူနှင့် ပတ်သက်သည့် အချက်အလက်များကို လျှို့ဝှက်အဆင့် ထားရှိဖြေရှင်းပေးရန်၊ ကော်မတီ ဝင်များ အနေဖြင့် တိုင်ကြားချက်များကို အချိန်နှင့် တစ်ပြေးညီ စနစ်တကျ ဖြေရှင်းနိုင်ရန် စီမံ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117