ပြုံယမ်း၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) မြောက်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့၏ ဇွန် ၃၀ ရက် ပန်မွန်ဂျုံတွေ့ဆုံဆွေးနွေးပွဲမှာ အထူးကျေနပ်အားရဖွယ်ကောင်းကြောင်း၊ နှစ်ဦးနှစ်ဖက်စလုံးမှ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်တွန်းအားပေးလုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ(KCNA)က ဇူလိုင် ၁ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
တိုကျို ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ၌ အများပြည်သူသွားလာအသုံးပြုနေသော အဆောက်အဦ အခန်းများအတွင်း ဆေးလိပ်သောက်သုံးခြင်းကို ပိတ်ပင်တားမြစ်သည့် ဥပဒေတစ်ရပ်ကို ယနေ့ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဂျီနိုအာ ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ ဂျီနိုအာမြို့ရှိ မိုရန်ဒီ(Morandi) တံတားကို ဇွန် ၃ဝ ရက်တွင် အပြီးဖြိုချ ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း သိရသည်။
ဟူစတန် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် ဒါးလက်စ်မြို့အနီး၌ ဇွန် ၃ဝ ရက် နံနက်ပိုင်းတွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုဖြစ်ပွားရာ လူ ၁ဝ ဦးသေဆုံးသွားကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်အနေဖြင့် စစ်တိုင်းကြီး ၅ခုတွင် စစ်ရေးလှုပ်ရှားမှုအား ၂ လတိုးမြှင့်ရပ်ဆိုင်းလိုက်ကြောင်း ယနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
မော်စကို၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ Irkutsk Oblast ပြည်နယ်တွင် ရေဘေးကြောင့် လူ ၅ ဦးသေဆုံးပြီး လူ ၂ ဦးပျောက်ဆုံးကာ အခြားလူ ၃၅၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရုရှား အရေးပေါ်အခြေအနေ ထိန်းချုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး Yevgeny Zinichev...
ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ကျပ်သိန်း ၂၃၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
မက်ဒရစ်၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) ပူပြင်းသောရာသီဥတုကြောင့် စပိန်နိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများရှိ Tarragona ၊ Toledo ၊ Ávila စသည့်နေရာများတွင် ယခုကာလများအတွင်း တောမီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ စပိန်နိုင်ငံ မီးသတ်ဌာန၏ စာရင်းများအရ ဇွန် ၃၀ ရက်အထိနေရာအနှံ့ တောမီးလောင်ကျွမ်းမှုများကြောင့် သစ်တော...
ဆိုးလ် ၊ ဇွန် ၃ဝ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန် တို့သည် တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံ နယ်စပ် ပန်မွန်ဂျုံရွာ(Panmunjom) ၌ ယနေ့ဇွန် ၃ဝ ရက်တွင် တွေ့ဆုံပြီး လက်ဆွဲနှုတ်ဆက်ခဲ့ကြကြောင်း တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်ချက်တစ်ခုအရ သိရသည် ။(Xinhua)