နယူးဒေလီ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ဘက်၊ Odisha ပြည်နယ်တွင် ဇွန် ၂၅ ရက် ညနေဘက်က ခရီးသည်တင်ရထားရထား တစ်စီးသည် ရထားလမ်းပြုပြင်ထိန်းသိမ်းရေးယာဉ် နှင့် ခေါင်းချင်းဆိုင်တိုက်မိပြီး လမ်းချော်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းတာဝန်ရှိသူများက ပြောသည်။ (Xinhua)
နယူးဒေလီ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို၏ အိန္ဒိယအလည်အပတ်ခရီးစဉ်ကို ရာနှင့်ချီသော အိန္ဒိယပြည်သူများက နယူးဒေလီ မြို့လယ်ခေါင်တွင် ဇွန် ၂၅ ရက်က လှည့်လည်ဆန္ဒပြခဲ့ကြရာ အမေရိကန်၏ အရှေ့အလယ်ပိုင်း မူဝါဒ၊ ကုန်သွယ်ရေးကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒနှင့် တစ်ဖက်သတ်မူဝါဒကို ပြစ်တင်ရှုံ့ချခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) ပနားမားနိုင်ငံအနောက်ပိုင်း La Espernaza ဒေသ၌ ယနေ့ဇွန် ၂၆ ရက်တွင် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာနကဆိုသည်။
နေပြည်တော်၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) မူးယစ်သတင်း၊ ရောင်းဝယ်ဖောက်ကားမှု သတင်းများကိုသာမက မူးယစ်ဆေးဝါး ထုတ်လုပ်သူများ၊ မူးယစ်ရာဇာကြီးများ၏ သတင်းများကိုပါ တိတိကျကျ တိုင်ကြားပေးကြရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က နေပြည်တော် MICC II တွင် ယနေ့ ပြုလုပ်သော (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်...
ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၁၂) လရာသီ ပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် ဝါဆိုလအတွက် ရဟန်းခံရှင်ပြုပွဲနှင့် ပုန်းညှက်ပန်း ၂၀၀ ကျပ်တန် တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် နောင်းရှီရာခရိုင်တွင် ရဲကားတစ်စီးအား အမည်မသိစစ်သွေးကြွများက သေနတ်ပစ်ခတ်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အခြားလူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက ဇွန်လ ၂၅ ရက်ညနေပိုင်းတွင် သတင်းဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အောက်လွှတ်တော်က အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက်တွင် ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်လာမှုကို ဆက်လက်ကိုင်တွယ်ထိန်းချုပ်ရန် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံကို ဇွန် ၂၅ ရက်က အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် အခြေခံ မဲဆန္ဒရှင် စာရင်းပြုစုရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသည့် နိုင်ငံသားများ အားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်စေရေးနှင့် မှန်ကန် တိကျသော...
တီဟီရန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်နှင့် ပတ်သက်ပြီးသော ကတိကဝတ်များအတိုင်း ကောင်အထည် ဖော်ဆောင်ရန် ဥရောပသမဂ္ဂအနေဖြင့် ပျက်ကွက်နေကြောင်း ဇွန် ၂၄ ရက်က အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarifက(JCPOA)က Press TV ရုပ်မြင်သံကြား အစီအစဉ်တွင်...
ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်အသွားအလာများပြီး လူစည်ကားရာ အဓိကလမ်းဆုံများ ဖြစ်သော (ဈ)ဈေးနှင့် ကန်သာယာလမ်းဆုံတွင် လမ်းမီးထွန်းညှိခြင်းကို ဇူလိုင်လကုန်တွင် လည်းကောင်း၊ (၆)ကွေ့လမ်းဆုံ နှင့် သုနန္ဒာ ကြိုးတံတားထိပ်လမ်းဆုံတွင် လမ်းမီးထွန်းညှိခြင်းကို သြဂုတ်လကုန်တွင် လည်းကောင်း ပြီးစီးအောင် ဆောင်ရွက် ပေးမှာဖြစ်ကြောင်း...