လော့အိန်ဂျလိစ် ၊ ဇွန် ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့၌ ဒေသဆိုင်ရာ အာဏာပိုင်များက ည ၆ နာရီမှ စတင်ကာ ညမထွက်ရ အမိန့်သစ်ထုတ်ပြန်လိုက်စဉ်အတွင်းမှာပင် ရာပေါင်းများစွာသော ပြည်သူများသည် ဇွန် ၂ ရက်က လော့အိန်ဂျလိစ်မြို့အတွင်းရှိ နေရာများစွာ၌ စုရုံးရောက်ရှိကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ဟောင်ကောင်၊ ဇွန် ၂ ရက် (ဆင်ဟွာ) မကြာသေးမီက စစ်တမ်းကောက်ယူထားသော စီးပွားရေးလုပ်ငန်းများက ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေ၏ အကျိုးသက်ရောက်မှုသည် ကာလရှည်တွင် ကြီးမားသော တိုးတက်မှုရှိစေမည်ဟု ဖော်ပြကြောင်း ဟောင်ကောင် အထွေထွေ ကုန်သည်ကြီးများအသင်းက ဇွန် ၁ ရက်တွင် ပြောခဲ့သည်။
ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ) မုတ်သုံသည် မြစ်ဝကျွန်းပေါ်ဒေသများ သို့ မေ ၃၀ ရက်တွင် ဝင်ရောက်ခဲ့သော်လည်း မုတ်သုံအားနည်း၍ တည်ငြိမ်မှုမရှိသေးကြောင်း၊ တစ်နိုင်ငံလုံးသို့ မုတ်သုံဝင်မည့်အနေအထားတွင် အနောက်ဘက်မှ လာသော လေစီးကြောင်းများကြောင့် မုတ်သုံတန့် လျက်ရှိသည့် အနေအထား တွင်ရှိကြောင်း၊ မြန်မာတစ်နိုင်ငံလုံးသို့ ဇွန် ၁၀...
ရန်ကုန် ၊ ဇွန် ၂ ရက်(ဆင်ဟွာ) ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်လျက် ရှိရာ ဇွန် ၁ ရက် အထိ နိုင်ငံနှင့် ဒေသ ၂၂ ခုမှ မြန်မာနိုင်ငံသား ၂,၈၃၀ ဦးအား ပြန်လည်ခေါ်ဆောင်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာ နှင့်...
ဝူဟန် ၊ ဇွန် ၂ ရက်(ဆင်ဟွာ) နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရသည့် တရုတ်နိုင်ငံ ဝူဟန့်မြို့၌ ကောလိပ်ဘွဲ့ရ ကျောင်းသားများအတွက် မြေပြင် အလုပ်အကိုင် ပြပွဲတစ်ခုကို ဇွန် ၁ ရက်တွင် Jianghan တက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂျီနီဗာ၊ ဇွန် ၂ ရက်(ဆင်ဟွာ) နိုဗယ်ကိုရိုနာဗိုင်းရပ်၏ ကူးစက်မှုနှင့် ရောဂါဖြစ်ပွားစေနိုင်သည့်အစွမ်းသည် လျော့ကျသွားခြင်းမရှိသေးကြောင်း၊ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို အားဖြည့်ဆောင်ရွက်ခြင်းသည် ကပ်ရောဂါပြန့်ပွားမှုကို ကာကွယ်သည့် အရေးကြီးသော့ချက်ဖြစ်နေဆဲဖြစ်ကြောင်း WHO ကျန်းမာရေးဆိုင်ရာ အရေးပေါ် စီမံကိန်း နည်းပညာဆိုင်ရာ တာဝန်ခံ Maria Van Kerkhoveက ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ဇွန် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 ရောဂါကာကွယ်ဆေးဖြစ်သော ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးမည့် inactivated vaccine ကို လက်တွေ့စမ်းသပ်မှုများ ပြီးစီးရန်နှင့် ဈေးကွက်အတွင်းဖြန့်ဖြူးရန် ယခုနှစ် နှစ်ကုန်ပိုင်း သို့မဟုတ် နောက်နှစ် နှစ်ဆန်းပိုင်းတွင် အသင့်အနေအထားရောက်ရှိမည်ဟု မျှော်မှန်းထားကြောင်း တရုတ်အမျိုးသား ဇီဝနည်းပညာအုပ်စု (CNBG) ၏...
ဂျီနီဗာ၊ ဇွန် ၂ ရက်(ဆင်ဟွာ) အလယ်အမေရိက နှင့်တောင်အမေရိကတိုက်သည် လက်ရှိတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ဗဟိုချက် နေရာဖြစ်လာကြောင်း ၊ နိုင်ငံတကာအသိုက်အဝန်းက တစ်ညီတစ်ညွတ်တည်းဖြစ်ရန်လိုအပ်ပြီး ၎င်းဒေသများ၏ကပ်ရောဂါတိုက်ဖျက်ရေးကို ကူညီဆောင်ရွက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ၌ ၂၀၂၀ပြည့်နှစ် မေလ တစ်လလုံးတွင် ငလျင် ၂၈ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာန ငလျင်ဌာနခွဲ မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောသည်။
ရန်ကုန် ၊ ဇွန် ၂ ရက်(ဆင်ဟွာ) နိုင်ငံတစ်ဝန်း၌ ဧပြီ ၉ ရက်မှ ဇွန် ၁ ရက်အထိ ကာလအတွင်း လေပြင်းဘေးအန္တရာယ်ကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး...