Connect with us

CHINA

တရုတ်နိုင်ငံ ဝူဟန့်မြို့၌ ဗိုင်းရပ်စ်ကူးစက်မှု စတင်ဖြစ်ပွားကတည်းက ပထမဆုံးအကြိမ်အဖြစ် ဘွဲ့ရကျောင်းသားများအတွက် မြေပြင် အလုပ်အကိုင်ပြပွဲကျင်းပ

ဝူဟန်မြို့ Jianghan တက္ကသိုလ်၌ ပြုလုပ်သည့် အလုပ်အကိုင်ပြပွဲသို့ လာရောက်သည့် အလုပ်အကိုင် ရှာဖွေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

 

ဝူဟန် ၊ ဇွန် ၂ ရက်(ဆင်ဟွာ) 

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရသည့် တရုတ်နိုင်ငံ ဝူဟန့်မြို့၌ ကောလိပ်ဘွဲ့ရ ကျောင်းသားများအတွက် မြေပြင် အလုပ်အကိုင် ပြပွဲတစ်ခုကို ဇွန် ၁ ရက်တွင် Jianghan တက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ယခုနှစ်တွင် ဘွဲ့ရကျောင်းသားအရေအတွက်သည် အဆင့်သစ်တစ်ခုထိ ရောက်ရှိမြင့်တက်လာခဲ့ရာ ဝူဟန့်မြို့၌ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု စတင်ဖြစ်ပွားချိန်နောက်ပိုင်း ကောလိပ်ကျောင်းသားများအတွက် ပထမဆုံးအကြိမ်အဖြစ် မြေပြင်အလုပ်အကိုင်ပြပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင် တက္ကသိုလ်ကောလိပ်စုစုပေါင်း ၈၃ ခုမှ ဘွဲ့ဆွတ်ခူးရခဲ့သည့် ဝူဟန့်ကျောင်းသား ဦးရေမှာ ၃၁၇,၀၀၀ ရှိခဲ့ရာ ၂၀၁၉ ခုနှစ်ကထက် ၉.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဝူဟန့်မြို့ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုဆိုင်ရာ စစ်ဆေးရေးဌာန (Wuhan Municipal Talent Service Center) မှ ညွှန်ကြားရေးမှူး Xiong Jun က ပြောကြားခဲ့သည်။ 

မကြာသေးမီက တက္ကသိုလ်ဘွဲ့ရကျောင်းသားများအတွက် ခေတ်သစ် စက်မှု လုပ်ငန်းနယ်ပယ် နှင့် ဘဏ္ဍာရေး နယ်ပယ်များကဲ့သို့သော အလုပ်အကိုင်နယ်ပယ်များပါဝင်ပြသမည့် အခြား အလုပ်အကိုင်ပြပွဲ ၈ ခုကိုလည်း ဝူဟန့်မြို့၌ ကျင်းပသွားရန် ရှိကြောင်း သိရသည်။ 

ဝူဟန်မြို့သည်  ပြည်သူ့ဝန်ထမ်း အလုပ်ကဲ့သို့ သော အလုပ်အကိုင်များအပြင် လူမှုအသိုင်းအဝန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြင့်ရရှိစေရေးအပါအဝင် အခြေခံအဆင့် အလုပ်အကိုင်များကို ဘွဲ့ရကျောင်းသားများအားဆွဲဆောင်နိုင်ရန်  အစီအမံအမျိုးမျိုးကို ဖန်တီဆောင်ရွက်ပေးထားကြောင်း သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117