ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်ပြိုလဲမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဟနွိုင်း ၊ မေ ၁၃ ရက်(ဆင်ဟွာ) ဗီယက်နမ် နိုင်ငံသည် ယခုနှစ် ပထမ လေးလ အတွင်း သစ် နှင့် သစ်သားဖြင့် ပြုလုပ်သော ပရိဘောဂ ပစ္စည်းများ ပြည်ပ တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၃.၁ ဘီလီလံကျော် ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၇.၈...
နယူးဒေလီ၊ မေ ၁၃ ရက်(ဆင်ဟွာ) အပူပိုင်းဆုင်ကလုန်း ဖန်နီကြောင့် အိန္ဒိယနိုင်ငံတွင် သေဆုံးသူ ဦးရေသည် ၆၄ ဦးအထိရောက်ရှိသွားပြီဖြစ်ပြီး ဒဏ်ရာရသူ အနည်းဆုံး ၂၄၁ ဦး ရှိကြောင်း အိန္ဒိယနိုင်ငံ Odisha ပြည်နယ် အစိုးရက မေ ၁၂ ရက် တွင် အတည်ပြုခဲ့သည်။
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊မဘိမ်းမြို့နယ်တွင် သိန်း ၇,၀၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မေ ၁၃ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့၌ ခရီးသည်တင် ယာဉ်တစ်စီး လမ်းဘေးချောက်ထဲ ထိုးကျ တိမ်းမှောက်ခဲ့ရာ လူ ၅ ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ပေကျင်း ၊ မေ ၁၃ ရက်(ဆင်ဟွာ) ပေကျင်း Daxing နိုင်ငံတကာလေဆိပ်၏ တည်ဆောက်ရေးလုပ်ငန်းများမှာ အလုံးစုံပြီးစီးသွားပြီဖြစ်ရာ ပထမဆုံးစမ်းသပ်မှုအဖြစ် ခရီးသည်တင်လေယာဉ် လေးစင်းသည် ယနေ့ မေ ၁၃ရက်နံနက်ပိုင်းတွင် လေဆိပ်ပြေးလမ်းပေါ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။
ပနားမားစီးတီး၊ မေ ၁၃ ရက်(ဆင်ဟွာ) ပနားမားနိုင်ငံ အနောက်ပိုင်းဒေသတွင် မေ ၁၂ ရက် ညနေပိုင်းက ပြင်းအား ၆.၂အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ပနားမားတက္ကသိုလ် ဘူမိဗေဒအင်စတီကျု၏ ယင်းနေ့၌ ထုတ်ပြန်သည့် သတင်း များအရ သိရသည်။ ငလျင်ကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦအချို့ ပျက်စီးခဲ့ ကြောင်း...
ဟနွိုင်း ၊ မေ ၁၃ ရက်(ဆင်ဟွာ) ကုလသမဂ္ဂဗုဒ္ဓနေ့ဖွင့်ပွဲအခမ်းအနားကို ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ဟနမ်ပြည်နယ်တွင် မေ ၁၂ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း ၊ အဆိုပါအခမ်းအနားသို့ကမ္ဘာ့နိုင်ငံပေါင်း ၁ဝဝ ကျော်နှင့်ဒေသများမှ နိုင်ငံတကာကိုယ်စားလှယ်ပေါင်း ၁,၆၅ဝ ကျော်တက်ရောက်လာခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မေ ၁၂ ရက်(ဆင်ဟွာ) အာရှလူနေမှုအဖွဲ့အစည်းများဆွေးနွေးညှိနှိုင်းမှုညီလာခံကို တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မေ ၁၅ ရက် မှစတင်ကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ) မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Myanmar National Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ယနေ့ (မေ ၁၂ ရက်) နံနက် ၉နာရီ ဝန်းကျင်တွင် မတော်တဆမှုဖြစ်ပွားခဲ့ရာ ခရီးသည်၊ လေယာဉ်အဖွဲ့သားများ တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိကြောင်း လေကြောင်းလိုင်းက...