အန်ကာရာ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သည် ၂၀၁၉နှစ်တွင် တူရကီနိုင်ငံသို့ လာရောက်လည်ပတ်ရန် သဘောတူခဲ့ကြောင်း တူရကီနိုင်ငံ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ Ibrahim Kalin က ဒီဇင်ဘာ ၂၄ရက်တွင်ကြေညာခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ ပထဝီအနေအထားအရ အားသာချက်များကို အသုံးချ၍ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထူးက တိုက်တွန်းပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်(၃၈၉/၁-၂)ကြား ဒီဇင်ဘာ ၂၄ ရက်က ယာဉ်တိုက်မှုကြောင့် ၄ဦးသေပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘဂ္ဂဒက်၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဆီးရီးယားမှ အမေရိကန်စစ်တပ်ရုပ်သိမ်းခြင်းသည် အီရတ်အတွက် အနုတ်လက္ခဏာသက်ရောက်မှု ရှိသည်ဟု အီရတ်ဝန်ကြီးချုပ် Adel Abdul Mahdiက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံတွင်ရှိသော လက်နက်ပမာဏအားလုံး၏ ၆၁.၅ ရာခိုင်နှုန်းမှာ ခေတ်မီလက်နက်များအဖြစ်သို့ရောက်ရှိပိုင်ဆိုင်ထားပြီဖြစ်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဆာဂျီရှိုဂူ(Sergei Shoigu) က ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ဂျာကာတာ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ တွင် မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ဆူနာမီရေလှိုင်းရိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေ သည် ၃၇၃ဦးအထိ မြင့်တက်လာပြီး အခြားလူ ၁,၄၅၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ကပြောကြားခဲ့သည်။
မက္ကဆီကို၊ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံအလယ်ပိုင်း Puebla ပြည်နယ်အုပ်ချုပ်ရေးမှူး မာသာအီရီကာအလွန်ဆို(Martha Erika Alonso) နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ယခင်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ရာဖေးလ်မိုရီနိုဗယ်လီ(Rafael Moreno Valle) တို့သည် ဒီဇင်ဘာ ၂၄ ရက်က ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားခဲ့ကြကြောင်း အမျိုးသားလှုပ်ရှားမှုပါတီ(PAN) အကြီးအကဲ မာကိုကော်တီစ်(Marko Cortes) က...
ဗီယင်ကျန်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) လာအိုနှင့် ဗီယက်နမ်နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးသည် ၂၀၁၈ ခုနှစ် ၏ ပထမပိုင်း ၉ လတွင် အမေရိကန်ဒေါ်လာ ၄၃၄ သန်းရှိခဲ့ပြီး၊ ၂၀၁၇ ခုနှစ်ဖြင့် နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
ဂါဇီ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါဇီပြည်နယ် တွင် ပေါက်ကွဲမှုတစ်ခုကြောင့် အရပ်သား၇ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ က ဒီဇင်ဘာ ၂၄ ရက်တွင်ပြောကြားခဲ့သည်။
ဟိုင်းခို၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်းစွန်း ဟိုင်နန်ကျွန်း(Hainan)သို့ ယခုနှစ် ပထမ ၁၁လအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ၁.၁သန်း ထိရှိခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ၁၂.၆ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တို့က ဒီဇင်ဘာ ၂၃ရက်တွင် ပြောကြားခဲ့သည်။