ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့တွင် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ် ၁၉၄၆.၁ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဂျေရုဆလင်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ပါလက်စတိုင်းလူမျိုး ဟားမတ်အကျဉ်းသားများသည် အကျဉ်းထောင်တစ်ခု၌ အစ္စရေးထောင်ဝန်ထမ်းများကို ဓါးဖြင့်တိုက်ခိုက်မှု တစ်ခု ပြုလုပ်ခဲ့ရာ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးအကျဉ်းဦးစီးဌာနက မတ် ၂၄ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသားတစ်ဦးချင်းစီသည် ပျမ်းမျှအားဖြင့် ၂၀၁၈ခုနှစ်အကုန်တွင် ဘဏ်ကတ် ၅ကတ်ကျော် ကိုင်ဆောင်ထားပြီး ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ မှ လူအများအပြားသည် ငွေစက္ကူဖြင့် လဲလှယ်သုံးစွဲမှုမှ ကတ်စနစ်သို့ ပြောင်းလဲသုံးစွဲလာကြောင်း ဗဟိုဘဏ်၏ အစီရင်ခံစာတစ်ခုအရသိရသည်။
ဘန်ကောက်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဒီမိုကရက်တစ်ခေါင်းဆောင် အဘီဆစ် (Abhisit Vejjajiva) သည် အထွေထွေရွေးကောက်ပွဲ၌ ၎င်းပါတီကမျှော်လင့်ထားသည့် မဲအရေအတွက်မရရှိဘဲ ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ရန် မတ် ၂၄ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ) ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မိုင်းမောမြို့၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် လူ ၁၆ ဦး သေဆုံးကာ ၄၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း လားရှိုးမြို့နယ် ၀ ပြင်ပ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက...
ဘန်ကောက်၊ မတ် ၂၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲကို ယနေ့မတ်လ ၂၄ ရက်တွင် ကျင်းပရာ နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒရှင်များက သက်ဆိုင်ရာ မဲရုံများ၌ ဆန္ဒမဲ အသီးသီးပေးလျက်ရှိကြောင်း သိရသည်။
ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် (Xi Jinping )သည် အီရတ်နိုင်ငံမြောက်ပိုင်း Mosul မြို့တွင် မတ်လ ၂၁ ရက်က လူအများအပြားသေဆုံးခဲ့ရသည့် သင်္ဘောနစ်မြုပ်မှု နှင့် ပတ်သက်၍ အီရတ်နိုင်ငံသမ္မတ ဘာဟမ်ဆာလိ(Barham Salih) ထံသို့ မတ်လ ၂၃...
အော်စလို ၊ မတ် ၂၄ ရက်(ဆင်ဟွာ) နော်ေ၀ အကြီးစား ခရီးသည်တင် သင်္ဘောတစ်စီးသည် နိုင်ငံ အနောက်ဘက်ပင်လယ် ကမ်းခြေတွင် မတ် ၂၃ ရက်က စက်ချို့ယွင်းမှုဖြစ်ပွားပြီး လေပြင်းတိုက်ခတ်မှုနှင့်ကြုံတွေ့နေရသဖြင့် ၎င်းသဘောၤပေါ်လိုက်ပါလာသည့် လူတစ်ထောင်ကျော်ကို ကယ်ဆယ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ) ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မိုင်းမောမြို့၌ မတ် ၂၃ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရသူ နှင့် သေဆုံးသူ တစ်ချို့ရှိခဲ့ကြောင်း လားရှိုးမြို့နယ် ၀ ပြင်ပ ဆက်ဆံရေးရုံး တာဝန်ခံ...