Connect with us

Politics, Law & Military

ဗိုလ်ချုပ်စိုးတင့်နိုင်အား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခန့်အပ်

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခန့်အပ်သော ထုတ်ပြန်ချက်အား တွေ့ရစဉ်( နိုင်ငံတော် သမ္မတရုံး)

 

ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်စိုးတင့်နိုင်အား နိုင်ငံတော်သမ္မတက မတ် ၂၅ ရက်နေ့စွဲဖြင့် ခန့်အပ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။ 

ယခင် ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်အောင်သူကို မတ် ၂၄ ရက်က မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ခွင့်ပြုလိုက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၃၄နှင့် ပြည်ထောင်စုအစိုးရဥပဒေပုဒ်မ ၁၇ တို့ပါ ပြဌာန်းချက်များအရ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်စိုးတင့်နိုင်အား ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်ကလည်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို မူလစစ်ဘက်တာဝန်ဝတ္တရားများ ပြန်လည်ထမ်းဆောင်ခွင့်ပြုခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.