Connect with us

CHINA

ပေကျင်းမြို့ရှိ ဆေးခန်သို့ရောက်လာသော လူနာအားလုံး nucleic acid စမ်းသပ်စစ်ဆေးမှု ခံယူရမည်  

တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသမီးတစ်ဦးက အချက်အလက်ဖြည့်သွင်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ဆေးခန်းအားလုံးတွင် ဖျားနာလူနာများအား nucleic acid စမ်းသပ်စစ်ဆေးမှု(NAT) လုပ်ဆောင်သွားရန် ညွှန်ကြားထားကြောင်း ပေကျင်းမြို့တော် COVID-19 ကူးစက်ရောဂါထိန်းချုပ်ရေး ဦးဆောင်အဖွဲ့ထံမှ သိရသည်။

တရုတ်နိုင်ငံတွင် ပြင်ပမှ ဝင်ရောက်လာသည့် COVID-19 ဖြစ်ပွားမှုအရေအတွက် ဆက်လက်မြင့်တက်နေသောကြောင့် ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများနှင့် ပေကျင်းမြို့သို့ လာရောက်လည်ပတ်သူများအားလုံးအနေဖြင့် အခြားတရုတ်နိုင်ငံ ဆိပ်ကမ်းများမှတစ်ဆင့် ရောက်ရှိလာပြီးနောက် ၁၄ ရက်အတွင်း အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုခံယူရန် နှင့် မတ် ၂၅ ရက်မှစတင်ကာ NAT စစ်ဆေးမှု ပြုလုပ်ရန် ပေကျင်းမြို့တော် တာဝန်ရှိသူများက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ပေကျင်းမြို့၌ မတ် ၂၅ ရက်က ပြင်ပမှဝင်ရောက်လာသည့် COVID-19 ဖြစ်ပွားသော အတည်ပြုလူနာအသစ် ခြောက်ဦးရှိကြောင်း၊ယခုအခါ ပြင်ပမှဝင်ရောက်လာသည့် COVID-19 ဖြစ်ပွားမှု စုစုပေါင်း ၁၄၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပေကျင်းမြို့တော် ကျန်းမာရေးကော်မရှင်က မတ် ၂၆ ရက်တွင် ပြောကြားလိုက်သည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117