Connect with us

CHINA

တရုတ်နိုင်ငံက COVID-19 တိုက်ဖျက်ရေးအတွက် နိုင်ငံပေါင်း ၈၀ ကျော်ကို ကူညီလျက်ရှိ

အီတလီနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးကူညီရန် ရောက်ရှိနေသည့် တရုတ်နိုင်ငံမှ ဆေးဘက်ကျွမ်းကျင်သူများနှင့် အီတလီ ဆရာဝန်များအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အာဖရိကသမဂ္ဂ အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်း ၈၀ ကျော်အား အရေးပေါ်အကူအညီများ ထောက်ပံ့ပေးရန် ကတိပြုထားကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လော်ကျောက်ဟွေးက မတ် ၂၆ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ အကူအညီများတွင် ရောဂါရှာဖွေပစ္စည်းများနှင့် နှာခေါင်းစည်းများကဲ့သို့ ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပါဝင်ပြီး တရုတ်နိုင်ငံက ရောဂါဖြစ်ပွားမှုအပေါ် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အထောက်အကူဖြစ်စေရန် WHO သို့ အမေရိကန်ဒေါ်လာ သန်း ၂၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

“ကူးစက်ရောဂါဖြစ်ပွားတဲ့ နိုင်ငံတွေရဲ့ အခက်အခဲတွေကို တရုတ်နိုင်ငံက အလေးအနက် နားလည်ပါတယ်။ ပြီးတော့ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်ဖို့ စေတနာအလျောက် ကူညီမှုတွေပေးခဲ့ပါတယ်” ဟု လော်က သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။  (Xinhua)