ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ကိုလံဘို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သည့်သီတင်းပတ်ကုန်က လေပြင်းတိုက်ခတ်မှုများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အနည်းဆုံးလူ ၄ ဦးသေဆုံးပြီး ၁၀,၀၀၀ ကျော်အပေါ် သက်ရောက်မှုရှိခဲ့ကြောင်း သဘာဝဘေး စီမံခန်ပခွဲမှုစင်တာ (DMC) က ၎င်းတို့၏ အောက်တိုဘာလ ၈ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။
နယူးယောက် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တွင် အောက်တိုဘာ ၆ ရက်က ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားရာ လူ ၂၀ ဦး သေဆုံးကြောင်း ၎င်းပြည်နယ် ရဲတပ်ဖွဲ့က အောက်တိုဘာ ၇ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
နယူးဒေလီ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် လာမည့် သုံးနှစ်အတွင်း လက်ဝဲယိမ်းအစွန်းရောက်ဝါဒီကို နိုင်ငံအတွင်း ရှင်းလင်းဖယ်ရှားသွားနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အင်ဒိုနီးရှား လက်ရွေးစင် ဘောလုံးအသင်းနှင့် ခြေစမ်းပွဲ ကစားရန်အတွက် ယနေ့ (အောက်တိုဘာ ၈) နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အင်ဒိုနီးရှား နိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။
ဗျူနိုစ်အဲရစ် ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူတစ်ခုအတွင်း ပိတ်မိရာမှ လွတ်မြောက်ခဲ့ပြီး တစ်ကမ္ဘာလုံး၏ အာရုံစိုက်ခြင်းခံခဲ့ရသော လူငယ် ထိုင်းဘောလုံးသမားများသည် အာဂျင်တီးနားနိုင်ငံ ရေဗာပလိတ်ဘောလုံးအသင်းသို့အောက်တိုဘာ ၇ ရက်တွင် သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်းပြီး ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို အောက်တိုဘာ ၆ ရက်တွင် ရန်ကုန်မြို့ရှိ Inya Lake Hotel ၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
မက္ကစီကို စီးတီး ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) မက္ကစီကို နိုင်ငံ အလယ်ပိုင်း မက္ကစီကို ပြည်နယ် ရှိ အရက်ဘား တစ်ခု တွင် အောက်တိုဘာ ၆ ရက် နံနက်ပိုင်း အချိန် ၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွား ရာ လူ...
မက္ကဆီကို စီးတီး၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဟေတီနိုင်ငံတွင် အောက်တိုဘာ ၆ ရက်နေ့ နှောင်းပိုင်းက အင်အား ၅.၉ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၀ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိချက်များအရသိရသည်။