ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက်တွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ပြုလုပ်ခဲ့သည်။
လန်ဒန်၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) Brexit သဘောတူညီချက် မဲခွဲဆုံးဖြတ်မှုကို ဇန်နဝါရီ ၁၅ ရက်တွင် အောက်လွှတ်တော်၌ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် အိမ်တော်က ဇန်နဝါရီ ၈ ရက်တွင် အတည်ပြု ပြောကြားခဲ့ သည်။
ဆိုးလ် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတအိမ်ပြာတော်က တရုတ်နိုင်ငံသို့မြောက်ကိုရီးယားနိုင်ငံထိပ်တန်း ခေါင်းဆောင် ကင်ဂျုံအမ် သွားရောက် လည်ပတ်သည့် ခရီးစဉ်အပေါ် ကြိုဆိုကြောင်း ဇန်နဝါရီ ၈ ရက်တွင်ပြောကြားခဲ့ပြီး ယင်းမှာ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် တစ်စုံတစ်ရာပူးပေါင်းဆောင်ရွက်မှုဖြစ်မည်ဟု မျှော်လင့်ကြောင်းဆိုခဲ့သည်။
ကိဗ်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ တွင် နှင်းမုန်တိုင်းတစ်ခုကြောင့် မော်တော်ယာဉ်များအတွင်း ပိတ်မိနေသည့် လူ ၆၀၀ ကျော်ကို လွန်ခဲ့သည့် ၂၄နာရီ အတွင်း ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း နိုင်ငံတော် အရေးပေါ်အခြေအနေများ ဌာန က ဇန်နဝါရီ ၈ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဆီရာလီယွန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန ဝန်ကြီး အလီ ကက်ဘာ (Alie Kabba) သည် ဇန်နဝါရီလ ၁၀ ရက်မှ ၁၆ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်းက...
ဂါဇာ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့၏ အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန က အစ္စရေးတို့အား ပူးပေါင်းကူညီခဲ့သော ပါလက်စတိုင်း ၄၅ဦးအား နိုဝင်ဘာလ မှစ၍ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဇန်နဝါရီ ၈ ရက် ကကြေညာခဲ့သည်။
အန်ကာရာ ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) တူရကီ နိုင်ငံ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ အီဗရာဟင် ကာလင် (Ibrahim Kalin) က အမေရိကန် နိုင်ငံ မှ ဆီးရီးယား နိုင်ငံ ရှိ တပ်ဖွဲ့ဝင် များအား ပြန်လည် ရုပ်သိမ်းချိန်တွင် ယခင်...
ဘန်ကောက် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) အသက် ၁၈ နှစ်အရွယ် ဆော်ဒီအာရေးဗီးယားအမျိုးသမီးငယ်တစ်ဦးကို တတိယနိုင်ငံတစ်ခုသို့မထွက်ခွာမီအချိန်ထိ ထိုင်းနိုင်ငံ၌ ယာယီနေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထိုင်းရဲချုပ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
တိုကျို ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကျူရှူးကျွန်း(Kyushu) ၏ တောင်ဘက်စွန်းပိုင်းတွင် တည်ရှိသော ကာဂိုရှီးမားစီရင်စု(Kagoshima) ၌ ဇန်နဝါရီ ၈ ရက်က ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးဇလအေဂျင်စီ(JMA) က ဆိုသည်။
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ကိုကိုကျွန်းမြို့ တွင် နှစ်ပေါင်း ၆၀ အတွင်း အနိမ့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။