Connect with us

Social, Education & Health

၈၈ နှစ်အရွယ် သက်ကြီးရွယ်အို တစ်ဦးအပါအဝင် လူနာ ၃၇ ဦး ဝူဟန့်မြို့ ကျင်းရင်ထန်ဆေးရုံမှ ဆင်းခွင့်ရ 

ဝူဟန့်မြို့ ကျင်းရင်ထန်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူပြီးနောက် ကိုရိုနာ အဆုတ်ရောင် ရောဂါသက်သာပျောက်ကင်းသွားသူများအား တွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်)

ဝူဟန့်၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

၈၈ နှစ်အရွယ် သက်ကြီးရွယ်အို တစ်ဦးအပါအဝင် ကိုရိုနာ အဆုတ်ရောင် ရောဂါသက်သာပျောက်ကင်းသွားသည့် လူနာ ၃၇ ဦးကို ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းတွင် ဝူဟန့်မြို့ ကျင်းရင်ထန်ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။ ၎င်းမှာ ရောဂါဖြစ်ပွားပြီးနောက်  ကျင်းရင်ထန်ဆေးရုံမှ ဆင်းခွင့်ရသော လူနာအရေအတွက် အများဆုံးဖြစ်ကြောင်း သိရသည်။

ကျင်းရင်ထန်ဆေးရုံသည် ဝူဟန့်မြို့တွင် အဆုတ်ရောင်ရောဂါ သံသယရှိသူများကို အစောဆုံး လက်ခံကုသပေးသည့် ဆေးရုံဖြစ်ရာ ကိုရိုနာအဆုတ်ရောဂါတိုက်ဖျက်ရေး၏ ရှေ့တန်းဆေးရုံ ဖြစ်သည်။ အဆိုပါဆေးရုံတွင် ဂရုစိုက်ကုသပေးမှုကြောင့် ကိုရိုနာဟု အတည်ပြုပြီးသော လူနာ ၃၇ ဦးမှာ ရောဂါသက်သာပျောက်ကင်း၍ဖေဖော်ဝါရီ ၂ ရက်တွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့သည်။ ဆေးရုံဆင်းခွင့်ရသူများအနေဖြင့် အိမ်တွင် နှစ်ပတ်ကြာ သီးသန့်ဆက်လက်နေထိုင်သွားရမည်ဖြစ်ကြောင်းနှင့် ဆေးကုသရေး ဝန်ထမ်းများက ကျန်းမာရေးအခြေအနေကို ပြန်လည်သွားရောက် ကြည့်ရှုပေးမည်ဖြစ်ကြောင်း သိရသည်။ 

ယခုဆေးရုံဆင်းခွင့်ရလူနာများထဲတွင် ၈၈ နှစ်အရွယ် သက်ကြီးရွယ်အိုတစ်ဦးပါဝင်ရာ ၎င်းမှာ လက်ရှိ အချိန်ထိ ဆေးရုံဆင်း လူနာများအနက် အသက်အရွယ်အကြီးဆုံးဖြစ်ကြောင်း သိရသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117