Connect with us

Social, Education & Health

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးကို တွန်းအားပေးရန် ထောက်ပို့စစ်လေယာဉ် ၈ စင်းစေလွှတ်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) မှတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန့် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ၏ လေတပ်က ဖေဖော်ဝါရီ ၂ ရက်တွင် ဝူဟန့်မြို့ရှိ ထျန်းဟော်နိုင်ငံတကာလေဆိပ်(Tianhe) သို့ စစ်ဘက်ထောက်ပို့ရေး လေယာဉ်ကြီး ၈ စင်းကို စေလွှတ်ခဲ့ကြောင်း ၊ ယင်းလေယာဉ်များပေါ်တွင် စစ်ဘက်ဆိုင်ရာ ဆေးဝန်ထမ်းပေါင်း ၇၉၅ ဦး နှင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးကို အထောက်အကူပြုတွန်းအားပေးရန် ထောက်ပံ့ရေးပစ္စည်း ၅၈ တန်တို့ကို တင်ပို့ပေးခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင်၏ အမိန့်ညွှန်ကြားမှုအောက်တွင် အဆိုပါလေယာဉ် ၈ စင်းသည် ဖေဖော်ဝါရီ ၂ ရက် နံနက်အစောပိုင်း၌ ဆန်ရန်မြို့(Shenyang) ၊ လန်ကျိုးမြို့(Lanzhou) ၊ ကွမ်ကျိုးမြို့ (Guangzhou )နှင့် နန်ကျင်းမြို့(Nanjing ) များရှိ လေတပ်စစ်အခြေစိုက်စခန်းများမှ ဝူဟန့်မြို့သို့ ဦးတည်ထွက်ခွာသွားခဲ့ကြောင်း နှင့် စစ်ဆေးဘက်ဆိုင်ရာဝန်ထမ်းများ နှင့် ထောက်ပို့ပစ္စည်းများသယ်ဆောင်လာသော ၎င်းလေယာဉ်များသည် ဝူဟန့်မြို့သို့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၅၅ မိနစ် နှင့် ၉ နာရီ ၃၀ မိနစ်ကြားတွင် အောင်မြင်စွာ အသီးသီးဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) မှတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) မှတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါထောက်ပို့အစီအစဉ်သည် ၂၀၀၈ ခုနှစ်တွင် စီချွမ်ပြည်နယ်၌ လှုပ်ခတ်ခဲ့သော ဝန်းချွန်းငလျင်(Wenchuan) နှင့် ၂၀၁၀ ပြည့်နှစ်တွင် ချင်းဟိုင်ပြည်နယ်၌ လှုပ်ခတ်ခဲ့သော ယွိစုငလျင်(Yushu) များ၏ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆောင်ရွက်မှု အစီအစဉ်နောက်ပိုင်း တိုက်ပွဲဝင် စစ်ဆင်ရေး အစီအစဉ်မဟုတ်သော အခြေအနေတစ်ရပ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ၏ အရေအတွက် အကြီးမားဆုံးသော လေကြောင်းထောက်ပို့မှု အစီအစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117