Connect with us

Politics, Law & Military

တရုတ်-ဂျာမနီ ဆက်ဆံရေးအပေါ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး 

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဂျာမဏီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Heiko Maas အား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Heiko Maas တို့သည် ချိန်းဆိုထားသည့်အတိုင်း ဖေဖော်ဝါရီ ၁ ရက် ညပိုင်းက ဖုန်းဖြင့်ဆက်သွယ်ကာ နှစ်နိုင်ငံဆက်ဆံရေးနှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ထိုသို့ ဆွေးနွေးရာတွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maasuက  ယခုနှစ်သည် ဂျာမနီ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး၏ အရေးကြီးသည့် နှစ်ဖြစ်ကြောင်း ၊ ဂျာမနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေး  ကောင်းမွန်ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ဂျာမနီအစိုးရအနေဖြင့် ယခုနှစ်များအတွင်း နှစ်နိုင်ငံအကြား ရရှိထားသောသဘောတူညီချက် မူများကို လေးစားလိုက်နာကျင့်သုံးလျက်ကြောင်း ၊ တရုတ်နိုင်ငံ၏အချုပ်အချာအာဏာနှင့် နယ်မြေပိုင်နက်ကို လေးစားသလို “တရုတ်တစ်နိုင်ငံတည်း”မူဝါဒကိုလည်း စွဲမြဲစွာ လက်ကိုင်ထားကြောင်း ၊ဟောင်ကောင်ဒေသသည် တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဖြစ်သလို “တစ်နိုင်ငံ စနစ်နှစ်ခု”မူဝါဒကို ထောက်ခံကြောင်း ၊ ၎င်းမှာ ဟောင်ကောင်ဒေသ၏ ရေရှည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံဖြစ်ကြောင်း Heiko Maasuက  ဆိုသည်။

ဂျာမနီနိုင်ငံအနေဖြင့် အပြန်အလှန်လေးစားခြင်း၊ တရားမျှတခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်းဟူသော စိတ်ဓါတ်ကို အခြေခံကာ နှစ်နိုင်ငံ၏အဓိကအကျိုးစီးပွားကို အပြန်အလှန် စောင့်ရှောက်သွားလိုကြောင်း ၊ တရုတ်နိုင်ငံနှင့်အတူ တွေ့ဆုံဆွေးနွေးဖလှယ်မှုများကို တိုးမြှင့်ကာ အပြန်အလှန်နားလည်ယုံကြည်မှုများကို တိုးပွားအောင်ဆောင်ရွက်၍ ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှုများကို တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၊ ယခုနှစ်၏ ဒုတိယနှစ်ဝက်တွင် ဂျာမနီနိုင်ငံသည် ဥရောပသမဂ္ဂ၏ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ရာ ဥရောပနှင့် တရုတ်နိုင်ငံအကြား နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုများ အောင်မြင်ချောမွေ့စွာ ဆောင်ရွက်သွားရန် နှစ်ဖက်အတူကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကလည်း လက်ရှိတွင် နိုင်ငံတကာအခြေအနေသည် နက်နဲရှုပ်ထွေးပြောင်းလဲလျက်ရှိရာ မတည်ငြိမ်မသေချာမှုများ တိုးပွားလျက်ရှိကြောင်း ၊ တရုတ်-ဂျာမနီ နှစ်နိုင်ငံသည် ဩဇာသက်ရောက်မှုရှိသော နိုင်ငံကြီးများဖြစ်ရာ မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သင့်ကြောင်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံ၏အထက်ပါပြောကြားခဲ့သည့် ကတိကဝတ်များကို အထူးအလေးထားရာ လက်တွေ့တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ၊ အဓိကအားဖြင့် အပြန်အလှန်လေးစားခြင်း၊ ပြည်တွင်းရေးကို မစွက်ဖက်ခြင်းစသည့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူကို အမြဲလက်ကိုင်ထားရမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးခြင်းကို တိုးမြှင့်ဆောင်ရွက်၍ အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေခြင်း၊ ကွဲလွဲမှုကို စေ့စပ်ညှိနှိုင်းခြင်းတို့ဖြင့် နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်စေရန် ထိန်းသိမ်းကာကွယ် တွန်းအားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများ တိုးမြှင့်ဆောင်ရွက်ကာ တရုတ်-ဥရောပ ဆက်ဆံရေး ကဏ္ဍသစ်ကို လျှောက်လှမ်းရာတွင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.