ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် ဇန်နဝါရီ ၇ ၇က် နံနက်မှ နောက်(၄၈) နာရီအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် နေရာကွက်၍...
ဂျကာတာ ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း၌ ယနေ့( ဇန်နဝါရီ ၇ ရက်) နံနက်အစောပိုင်းတွင် အင်အားအလွန်ပြင်းထန်သော ငလျင်တစ်ခုလှုပ်ခတ်သွားသော်လည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း အင်ဒိုနီးရှားနိုင်ငံမိုးလေဝသ နှင့် ဘူမိရူပဗေဒအေဂျင်စီက ဆိုသည်။
ပါရီ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ဇန်နဝါရီ ၅ ရက်က ပြင်သစ်အစိုးရကို ဦးတည်သည့် အကြမ်းဖက်လှုပ်ရှားမှုဖြစ်သောအဝါရောင် ရောင်ပြန်အကျီ ၤဝတ်ဆန္ဒပြလှုပ်ရှားမှု(Yellow vest)ကို ပြစ်တင်ရှုံ့ချကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ယင်းနေ့ တွင် ၎င်း၏ တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း ပါဘက်(Pabuk)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ကိုကိုးကျွန်းမြို့ သည် ဆိုင်ကလုန်းမုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နိုင်သဖြင့် ဆိုင်ကလုန်းမုန်တိုင်း၏ သက်ရောက် မှုအန္တရာယ်ကို ခံစားရနိုင်ကြောင်း မိုးလေဝသ...
ကဘူးလ်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ ၏ အရှေ့ဘက်ခြမ်းတွင် ဇန်နဝါရီလ ၅ ရက်နေ့ က ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်မှု တွင် အနည်းဆုံး အာဖဂန် လုံခြုံရေးဝန်ထမ်း ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောသည်။
ဘန်ဂျူလ်၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ဂမ်ဘီယာနိုင်ငံ သမ္မတ Barrowသည် ဇန်နဝါရီ ၅ ရက်က ဂမ်ဘီယာနိုင်ငံ ဘန်ဂျူလ်မြို့တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား လက်ခံတွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။
ပပ်ပီ ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) တရုတ်-ပါကစ္စတန် နှစ်နိုင်ငံပူးပေါင်းပြုလုပ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှု “ရဲဝင့်စစ်သည်-၆” လှုပ်ရှားမှုကို ဇန်နဝါရီ ၅ ရက်က ပါကစ္စတန်နိုင်ငံ Punjab ပြည်နယ်ရှိ Pabbi အမျိုးသား အကြမ်းဖက်ဆန့်ကျင် တိုက်ဖျက်မှု လေ့ကျင့်ရေးစခန်းတွင် အောင်မြင်စွာ အဆုံးသတ်နိုင် ခဲ့ကြောင်း သိရသည်။
နယူးယောက်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ဆင်းရဲနွမ်းပါးမှုအား တိုက်ဖျက်ရေး ကြိုးပမ်းမှုတစ်ခုအနေဖြင့် ၂၀၁၉ခုနှစ်တွင် အနိမ့်ဆုံးလုပ်ခလစာ ကို တစ်နာရီလျှင် အမေရိကန်ဒေါ်လာ ၁၅ဒေါ်လာ အထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) မန္တလးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ဇာနည်ဘွား ခရီးသည်တင် မှန်လုံ ယာဉ်တစ်စီးသည် တံတားပေါ်မှ ထိုးကျမှုကြောင့် လူ၂၈ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ကျပ်သိန်းပေါင်း ၇၇၆၁ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၈,၀၅ဝ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။