Connect with us

Environment, Disasters & Accidents

ဖေဖော်ဝါရီ လတွင် တိုင်းဒေသကြီး နှင့် ပြည်နယ် တစ်ချို့တွင် မြူထူများဆိုင်းနိုင်

ရှမ်းပြည်နယ်တွင် မြူထူမှုကျဆင်းမှု တစ်ခု အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

ဖေဖော်ဝါရီ လအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ် တစ်ချို့၌တွင် မြူထူများဆိုင်းနိုင်ကြောင်း၊ မြူဆိုင်းသည့် အချိန် တွင် ရေကြောင်း၊ လေကြောင်း ခရီးသွားလာသူများအနေဖြင့် အထူးဂရုပြုသင့်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကိုပြောသည်။

ဖေဖော်ဝါရီလ အတွင်းတွင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁၅)ရက်မှ (၂၁) ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် (၇) ရက်မှ (၁၄)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်း သိရသည်။ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဇဌာန မှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ ဌာနအနေနဲ့လည်း မြူ အခြေအနေ ကို အမြဲထုတ်ပြန်ပေးနေပါတယ်။ ခရီးသွားလာမယ့် သူတွေ အနေနဲ့ ကျွန်တော်တို့ ထုတ်ပြန်ချက် ကို အမြဲဂရုပြု စောင့်ကြည့်ပါလို့ အကြံပေးချင်ပါတယ်’’ ဟုပြောသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117