Connect with us

Politics, Law & Military

အခြေခံပညာ ဖွံ ့ဖြိုးရေးလုပ်ငန်းများတွင် အားလုံး ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်း 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော် ဇန်န၀ါရီ ၂၈ ရက်(ဆင်ဟွာ)

နိုင်ငံတော််၏ ရေရှည် အနာဂတ်မှာ အားကိုး အထားပြုရမည့် မျိုးဆက်သစ်များ ဖြစ်ထွန်းလာရေး အတွက် အခြေခံပညာကဏ္ဍ ပညာရေး ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင် မိဘ ပြည််သူ များ၊ ကျောင်သား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ပညာရေးနှင့် ပတ်သက် ဆက်နွယ်သူများ အားလုံးက ဟန်ချက် ညီညီနဲ ့ပူးပေါင်း ပါ၀င်ပေးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်က ယနေ ့ တိုက်တွန်း ပြောကြားခဲ့သည်။

“ပြုပြင်ပြောင်းလဲတယ်ဆိုတဲ့ နေရာမှာ အခြေအနေ နှစ်မျိုးရှိနိုင်ပါတယ်၊ တစ်ခုက အတိတ်က အခြေအနေတွေကို ပြန်လည် ဆန်းစစ်ပြီး ပိုမို ကောင်းမွန်အောင်လို ့ ပြုပြင် ပြောင်းလဲတာနဲ့ နောက်တစ်ခုကတော့ အနာဂတ်အတွက် မျှော်မှန်းပြီး ပြုပြင် ပြောင်းလဲတာပဲ ဖြစ်ပါတယ်၊ ဘယ်စနစ်ပဲ ဖြစ်ဖြစ၊် ပြုပြင် ပြောင်းလဲတယ်ဆိုတာ မလွယ်ကူလှပါဘူး၊ စနစ်ကို ပြောင်းလဲမယ်ဆိုရင် ပထမဦးစွာ အကောင်အထည်ဖော်မယ့်သူတွေကိုယ်တိုင်က မိမိတို ့ရဲ့ mind set ကို အရင် ပြောင်းရပါမယ်၊ အဲဒီလို ပြောင်းလဲဖို ့ သတ္တိရှိရပါမယ်၊ အဲဒီလို ပြောင်းလဲခြင်းကြောင့် ရလာတဲ့ ရလဒ်တွေ ေ၀ဖန်မှုတွေ စိန်ခေါ် မှု တွေကိုလည်း ခံနိုင်ရည် ရှိရပါမယ်၊ ဘယ်ဟာက ပြုပြင် ပြောင်းလဲ သင့်တယ်၊ ဘယ်ဟာက ပြုပြင် ပြောင်းလဲဖို ့ မသင့်ဘူးဆိုတာကိုလည်း ခွဲခြား သိဖို ့က ပညာပဲ ဖြစ်ပါတယ်။ ဒီလို ပြုပြင် ပြောင်းလဲ ဖို ့ဆိုတာ ပညာ အမြော်အမြင်ရှိမှ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်”ဟုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြခန်းများအား လှည့့်လည် ကြည့်ရှုစဉ် (ဆင်ဟွာ)

အခြေခံပညာ ပြခန်း အချို့အား တွေ ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် MICC II ၌ ဇန်န၀ါရီ ၂၈ မှ ၂၉ ရက်အထိ ပြုလုပ်မည့် ‘ပညာရေး ဖွံ ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံ ပညာကဏ္ဍ)” ဖွင့်ပွဲ အခမ်းအနား၌ ၎င်း က အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ထို့အပြင် မိမိတို ့ ပညာရေး စနစ်သည် ဥာဏ်ပညာ အမြော်အမြင် ရှိမှု ဦးတည်နေသော စနစ် ဖြစ်ရန် အရေးကြီးကြောင်း၊ နိုင်ငံတစ်ခု ဖွံ ့ဖြိုးတိုးတက်ရန် ထိုနိုင်ငံသားများ၏ အသိပညာ ဗဟုသုတ ပြည့်၀မှု၊ကျွမ်းကျင်မှု၊ ပညာရေးကဏ္ဍ ဖွံ ့ဖြိုး တိုးတက်မှုများအပေါ် အဓိက မူတည်နေသောကြောင့် အရည်အသွေး ရှိသည့် ပညာရေး စနစ်ကို ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို ့ တည်ဆောက်ရာတွင် လက်ရှိပညာရေး စနစ်၊ သင်ကြားမှု၊ ပညာရး စီမံခန် ့ခွဲမှု၊ ဆရာ့ အရည် အသွေး တို ့ကို လေ့လာ ဆန်းစစ်ရန် လိုကြောင်း၊ ပြုပြင်ပြောင်းလဲရန်ဆိုလျှင် အစိုးရ တစ်ခုတည်းက ဆောင်ရွက်ပြီး ပြုပြင်ပြောင်းလဲရန်မလွယ်ကူကြောင်း၊ မလွယ်ကူရုံတင် မက ဖြစ်ကို မဖြစ်နိုင်ဘူးဟု့ ပြော၍ရကြောင်း၊ ပြည်သူများအပါအ၀င် ပညာရေးနှင့် ဆက်နွယ်သူအားလုံး ပူးပေါင်း ဆောင်ရွက်ရန် အင်မတနှ် အရေးကြီးကြောင်း၊ ယခုအခါ ပညာရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းပြီး ဖွံ ့ဖြိုးမှု မိတ်ဖက် အဖွဲ ့အစည်းများက ပညာရေး ကဏ္ဍ အတွက် ရင်းနှီးမြှုပ်နှံ ကူညီ ဆောင်ရွက်ပေးလျက်ရှိခြင်းမှာ အင်မတန်မှ ၀မ်းသာစရာ ကောင်းကြောင်း၊ ကျေးဇူးတင်ကြောင်းကိုလည်း ပြောကြားလိုကြောင်း၊ ဆက်ပြီး ကူညီပေးကြမည်ဟုလည်း မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

နှစ်ရက်တာ ကျင်းပမည့် အဆိုပါ ပညာရေး ဖွံ ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှော ဖလှယ်ပွဲသို ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ ပြည်ထောင်စု ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီး ပြည်နယ် အသီးသီးမှ ပညာရေး အရာရှိများ၊ ကျောင်းအုပ်ဆရာ ဆရာမကြီး များ၊ ပညာရေး ၀န်ထမ်းများ၊ မိတ်ဖက် အဖွဲ ့အစည်း များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။(Xinhua)