Connect with us

International Organizations

တရုတ် နိုင်ငံ ၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု ကြိုးပမ်းဆောင်ရွက် ချက်အပေါ် ခိုင်မြဲစွာ ထောက်ခံအားပေးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောကြား

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က ကုလသမဂ္ဂ အနေဖြင့် တရုတ် နိုင်ငံ ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး ကဏ္ဍ တွင် ဆောင်ရွက်ခဲ့သည့် ကြိုးပမ်း အားထုတ်မှု များ ကို ချီးမွမ်းကြောင်း ဇန်နဝါရီ ၂၇ ရက် ၌ ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ ဆိုင်ရာ တရုတ် နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ကျန်းကျွင်း နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တို့ သည် ဇန်နဝါရီ ၂၇ ရက် တွင် တွေ့ဆုံ ခဲ့ကြပြီး ကျန်းကျွင်း က တရုတ် နိုင်ငံ ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး ကဏ္ဍ ၌ ဆောင်ရွက်မှု အခြေအနေ နှင့် လုပ်ငန်းများ အား ရှင်းလင်း ပြောကြား ပေးခဲ့သည်။

ကျန်းကျွင်း က တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်း အပေါ် လွန်စွာ အလေးထားပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အနေဖြင့်လည်း ဘက်စုံ နေရာချထားမှု နှင့် အရေးပါသည့် ညွှန်ကြားမှု များကို ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် ပြည့်သူ့ အကျိုးစီးပွား ကို ဗဟိုပြု၍ လျှင်မြန်အားကောင်းသော ဆောင်ရွက်မှု များ ပြုလုပ်ခဲ့ကြောင်း ၊ တစ်နိုင်ငံလုံး အတိုင်းအတာ ထိန်းချုပ်ကာကွယ်ရေး စနစ် ကို တည်ဆောက် ခဲ့ပြီး ပွင့်လင်းမြင်သာမှု နှင့် သိပ္ပံနည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဟူသည့် သဘောထား ဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ၊ ဝေဒနာရှင်များ အပေါ် ကယ်ဆယ်ကုသရေး  အား အစွမ်းကုန် ဆောင်ရွက်ခဲ့ပြီး ကပ်ရောဂါ မပြန့်ပွားစေရန် သက်ဆိုင်ရာ လုပ်ဆောင်မှုများ ကိုလည်း အစွမ်းကုန် ဆောင်ရွက်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ကပ်ရောဂါ ထိန်းချုပ် ကာကွယ်ရေး ၏ အရေးပါသော အချိန်ကာလ သို့ ရောက်ရှိလာပြီး တရုတ် နိုင်ငံ အနေဖြင့် ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရန် စွမ်းဆောင်ရည် နှင့် ယုံကြည်မှု အပြည့်အဝ ရှိကြောင်း ပြောကြား ခဲ့သည်။

ဂူတာရက်စ် က ယခုကဲ့သို့ အရေးပါသည့် အချိန်ကာလ တွင် ကုလသမဂ္ဂ အနေဖြင့် တရုတ် နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု တို့နှင့် အတူတကွ ခိုင်မြဲစွာ ရပ်တည်ကြောင်း ၊ ကုလသမဂ္ဂ အနေဖြင့် တရုတ် နိုင်ငံ ၏ ကြိုးပမ်းအားထုတ်မှု အပေါ် ချီးမွမ်းပြီး တရုတ် နိုင်ငံ ၏ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်မှု စွမ်းရည်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိကာ တရုတ် နိုင်ငံ အပေါ် အစွမ်းကုန် အထောက်အပံ့ နှင့် အကူအညီများ ကို ပေးအပ် သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)