ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ၂ဝ၁၉ ခုနှစ် မတ်လအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက် ဖြေဆိုရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်ရှိ လျှောက်ထားသူဦးရေမှာ ရှစ်သိန်းကိုးသောင်းကျော် ရှိနေပြီဖြစ် ကြောင်း မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့၌ ကာလာပရင်တာနည်းဖြင့် တုပပြုလုပ်ထားသည့် ကျပ်တစ်သောင်းတန်ငွေစက္ကူအတု (၃၅၅)ရွက် ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ဒီဇင်ဘာ ၂၅ ရက်တွင် ကျပ်သိန်းပေါင်း ၄၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
တိုကျို ၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံသည် ၂ဝ၁၉ ခုနှစ် ဇူလိုင်တွင် စီးပွားဖြစ်ဝေလငါးဖမ်းဆီးခြင်းများကို ပြန်လည်စတင်ရန် နိုင်ငံတကာဝေလငါးဖမ်းကော်မရှင်(IWC) မှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ဂျပန်အစိုးရက ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။(Xinhua)
နီကိုဆီးယား၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်တပ်ဖွဲ့များ ဆီးရီးယားနိုင်ငံမှ ပြန်လည် ရုပ်သိမ်းမည်ဖြစ်၍ ဒုက္ခသည်များ နိုင်ငံအတွင်း ဝင်လာမည့်အရေးကို ပြင်ဆင်ထားကြောင်း လက်ရှိ အစိုးရ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ပရိုဒရိုမိုစ် ပရိုဒရိုမို့စ်က ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၉,၃၁၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ) နှစ်ကုန်ခါနီးအခါသမယတွင် တရုတ်နိုင်ငံမှ အားတက်စေမည့် မင်္ဂလာသတင်းစကားနှစ်ခုအား ကြား သိရသည်။ ပထမတစ်ခုက တရုတ်နိုင်ငံ၏ ၂၀၁၈ ခုနှစ် သွင်းကုန်ပမာဏသည် သမိုင်းစံချိန်သစ် အဖြစ် အမေရိကန်ဒေါ်လာ ၂ ထရီလီယံကိုကျော်လွန်သည်အထိ တိုးပွားလာနိုင်မည်ဟု တရုတ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ကြားသိရသည့်သတင်းဖြစ်သည်။ ဒုတိယတစ်ခုကတော့ ဒုတိယအကြိမ်...
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြစ်ကြီးနား- တနိုင်း ကားလမ်းမပေါ်ရှိ မရမ်ကထောင် ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ ဒီဇင်ဘာ ၂၄ ရက် ညနေ ၄ နာရီက ဆိုင်ကယ်ဖြင့် တင်ဆောင်လာသည့် တရားမဝင်ကျောက်စိမ်းအရိုင်းတုံး ၁၅ ပိဿာကျော် သိမ်းဆည်းရမိကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) AFC U-16 Women’s Championship Thailand 2019 Qualifiers Round 2 အုပ်စု (ခ) ဘောလုံးပွဲစဉ်များကို မြန်မာနိုင်ငံ မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပွဲစဉ်များကို မန္တလေးမြို့ မန္တလာသီရီ အားကစားကွင်းကြီးတွင်...
တိုကျို ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဂျပန် နိုင်ငံ အစိုးရ က ဒီဇင်ဘာ ၂၅ ရက် တွင် ဝန်ကြီးများ အစည်းအဝေး တစ်ရပ် ကျင်းပပြုလုပ် ခဲ့ပြီး ပြည်ပ အလုပ်သမားများ တိုးချဲ့ခေါ်ယူသွားမည့် အခြေခံ လုပ်သား ခန့်ထားမှု မူဝါဒ...