Connect with us

Africa & Middle East

နစ်ဆန်း အကြီးအကဲဟောင်း ဂွန်း ဂျပန်နိုင်ငံမှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းမှုတွင် မိသားစုက ပါဝင်စီစဉ်ခဲ့ခြင်းမရှိဟု ငြင်းဆို

နစ်ဆန်း (Nissan) အကြီးအကဲဟောင်းဖြစ်သူ ကားလို့စ်ဂွန်းကို ၂၀၁၅ ခုနှစ်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

နစ်ဆန်း (Nissan) အကြီးအကဲဟောင်း ကားလို့စ်ဂွန်း (Carlos Ghosn) က ၎င်းအနေဖြင့် ဂျပန်နိုင်ငံမှ လက်ဘနွန်နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်ရန် စီစဉ်မှုတွင် ကိုယ်တိုင်လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဇန်နဝါရီ ၂ ရက်တွင် ကြေညာခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

“ကျွန်တော် ဂျပန်ကနေ လက်ဘနွန်အထိ ထွက်ပြေးဖို့စီစဉ်ရာမှာ ဇနီးနဲ့ အခြားမိသားစုဝင်တွေ ပါဝင်တယ်ဆိုတဲ့ အခန်းကဏ္ဍအကြောင်း မီဒီယာသတင်းဖော်ပြချက်တွေက အတုအယောင်တွေပါ” ဟု ဂွန်း၏ ပြောကြားချက်အား ကိုးကား၍ အွန်လိုင်းသတင်းစာတစ်စောင် ဖြစ်သော Elnashra ၌ ဖော်ပြထားသည်။ဂွန်းသည် ဂျပန်နိုင်ငံတွင် ငွေကြေး အလွဲသုံးစားမှုများဖြင့် ရင်ဆိုင်နေရသည့်ကြားမှ ထွက်ပြေးသွားပြီးနောက် လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်သို့ ဒီဇင်ဘာ ၃၀ ရက်က ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ဂွန်းအားဖမ်းဆီးရန် အင်တာပိုမှ အနီရောင်သတိပေးချက်ကို လက်ဘနွန် တရားစီရင်ရေးက ယင်းနေ့အစောပိုင်းတွင် လက်ခံရရှိခဲ့သည်။လက်ဘနွန်နိုင်ငံနှင့် ဂျပန်နိုင်ငံအကြား ဓားစာခံလွှဲပြောင်းရေး သဘောတူညီချက်မရှိသည့်အတွက် ဂွန်းအနေဖြင့် လက်ဘနွန် ဥပဒေများအရသာ တရားစီရင်ခြင်းခံရမည်ဖြစ်ကြောင်း လက်ဘနွန် ယာယီ တရားရေးဝန်ကြီး အဲလ်ဘတ် ဆာဟန် (Albert Serhan) က ပြောခဲ့သည်။ဂွန်းအနေဖြင့် ဂျပန်နိုင်ငံ တရားစီရင်ရေးအဖွဲ့က ၎င်းအပေါ်စွဲဆိုထားသည့် အခွန်တိမ်းရှောင်မှုနှင့် လိမ်လည်မှုများအတွက် လာမည့် သီတင်းပတ်တွင် လက်ဘနွန်တရားစီရင်ရေးက စစ်မေးသွားဖွယ်ရှိကြောင်း သိရသည်။ (Xinhua)