Connect with us

Environment, Disasters & Accidents

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ယာဉ်နှစ်စီးတိုက်ပြီး လူ ၂၂ ဦးသေဆုံး

အာရှလမ်းမကြီးတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတွင် ချောက်အတွင်းပြုတ်ကျသော ခရီးသည်တင်ယာဉ်အား ကယ်ဆယ်ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-မီးသတ်)

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ကွမ်းခြံကုန်းကွေ့တွင် ယနေ့ နံနက် ၁၁ နာရီခန့်က ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး ယာဉ်တစ်စီးချောက်အတွင်းပြုတ်ကျခဲ့ရာ လူ၂၂ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပရိုဘောက်ကားတစ်စီးနှင့် Express ကားတစ်စီးတို့ တိုက်မိခဲ့ကြခြင်းဖြစ်ပြီး ပရိုဘောက်ကားပေါ်ရှိ ခရီးသည် (၇) ဦး သေဆုံးခဲ့ကာ Express ကားမှာ ချောက်ထဲပြုကျ၍ ယာဉ်ပေါ်ပါ ၃၅ ဦးအနက် ၁၅ ဦး သေဆုံးခဲ့ကြောင်း ကနဦး သတင်းအရ သိရသည်။

အာရှလမ်းမကြီးတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတွင် ချောက်အတွင်းပြုတ်ကျသော ခရီးသည်တင်ယာဉ်အား ကယ်ဆယ်ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-မီးသတ်)

အာရှလမ်းမကြီးတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတွင် ချောက်အတွင်းပြုတ်ကျသော ခရီးသည်တင်ယာဉ်အား ကယ်ဆယ်ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-မီးသတ်)

အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို မြဝတီဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ချောက်အတွင်းပြုတ်ကျခဲ့သော ယာဉ်အားမြဝတီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ သင်္ဃန်းညီနောင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ကော့ကရိတ်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၃၅)ဦးတို့မှ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117