Connect with us

Politics, Law & Military

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန် မှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန် မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန် မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာအား ပေးပို့ခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လွတ်လပ်ရေးရရှိသည့် (၇၂)နှစ် ပတ်လည် အချိန်သမယတွင် ကျွန်တော်သည် အဆွေတော်အား လှိုက်လှဲစွာ ထောမနာဂုဏ်ပြုပါကြောင်းနှင့် ဆုတောင်းမေတ္တာ ပို့သပါကြောင်း၊လွန်ခဲ့သော နှစ်များအတွင်း၌ မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးဖြစ်စဉ် တွန်းအားပေးခြင်း၊ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပေးခြင်းနှင့် ပြည်သူ့ဘဝအဆင့်အတန်း မြှင့်တင်ပေးခြင်း စသည့်နယ်ပယ် အသီးသီးတွင် အောင်မြင်မှုအသစ်များ အဆက်မပြတ် ရရှိခဲ့ပါကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

တရုတ်နိုင်ငံသည် ယခုနှစ် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်သည့်နှစ် (၇၀) ပြည့်မြောက်သည့် အခွင့်အခါကောင်းယူပြီး နယ်ပယ်အသီးသီးရှိ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာအောင်၊ နက်ရှိုင်းအောင်ဆောင်ရွက်ရန်၊ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမို တိုးတက်လာစေရန် မြန်မာနိုင်ငံနှင့်အတူ ကြိုးပမ်းဆောင်ရွက်လိုပါကြောင်း၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စည်ပင်သာယာ၍ မြန်မာပြည်သူပြည်သားအားလုံး ဘဝအေးချမ်းသာယာပါစေ၊ တရုတ်နှင့် မြန်မာနှစ်နိုင်ငံဆက်ဆံရေး အဆက်မပြတ်ခိုင်မာပါစေ၊ ဖွံ့ဖြိုးတိုးတက်သွားပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါကြောင်း သဝဏ်လွှာတွင် ပါရှိသည်။  (Xinhua)