Connect with us

Politics, Law & Military

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကြိုးပမ်းကြ

ဒုတိယသမ္မတဦးမြင့်ဆွေ သမ္မတ၏ သဝဏ်လွှာအား ဖတ်ကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

ဒီမိုကရေစီ စံချိန်စံနှုန်းများ၊ လူ့အခွင့်အရေးစံနှုန်းစံထားများ နှင့် ကိုက်ညီပြီး နိုင်ငံတော်၏ ပကတိအခြေအနေများ နှင့် ဆီလျော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိပ်အမှတ် အခမ်းအနားအတွက် ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

အဆိုပါ သဝဏ်လွှာကို အခမ်းအနားတက်ရောက်လာသော ဒုတိယသမ္မတဦးမြင့်ဆွေကဖတ်ကြားခဲ့ရာ  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေး၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အကြားသံသယစိတ်ကင်းစင်ပြီး ခိုင်မာသောယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အချင်းချင်းအပြန်အလှန် နားလည် ယုံကြည်မှုကိုအခြေခံကာခိုင်မာသော ပြည်ထောင်စုစိတ်ဓာတ် ဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဟူသော အမျိုးသားရေး တာဝန်များကို ဦးလည် မသုန် ထိန်းသိမ်းကာကွယ် စောင့်ရှောက် ကြရမည်ဖြစ်ကြောင်းလည်း သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိပ်အမှတ် အခမ်းအနားကျင်းပနေစဉ် (ဆင်ဟွာ)

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောလုပ်ငန်းစဉ်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် ရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးတို့ကိုဦးစားပေးလုပ်ဆောင်ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည် ထောင်စုကြီးတည်ဆောက်ရာတွင် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ နိုင်ငံသူ နိုင်ငံသားများ၏ တာဝန်သိစိတ်နှင့် အရည်အသွေး မြင့်မားလာစေမည့် ပတ်ဝန်းကျင် ကောင်းများဖန်တီးတည်ဆောက်ရေး၊ ရေရှည်တည်တံ့ ခိုင်မြဲပြီးဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ၂၀၁၈ – ၂၀၃၀ ဖြင့် ငြိမ်းချမ်း၍ သာယာ ဝပြောသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေး စသည့် အချက်များ ပါဝင်သော အမျိုးသားရေးဦးတည်ချက် ငါးရပ်ဖြင့် ကျင်းပသည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်၊ မြို့တော် ခန်းမအရှေ့တွင် ယနေ့ နံနက်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဘက် နယ်ဘက် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိ သူများစုံညီစွာတက်ရောက်ခဲ့ကြသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117