Connect with us

Local

လွတ်လပ်ရေးနေ့ တွင် ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ၁၀၀၀/-ကျပ်တန် ငွေစက္ကူပုံစံသစ်၏ ပုံသဏ္ဌာန်နှင့် အမှတ်အသားများအား ဗဟိုဘဏ်ထုတ်ပြန်

၁၀၀၀/-ကျပ်တန် ငွေစက္ကူပုံစံသစ်၏ ပုံသဏ္ဌာန်နှင့် အမှတ်အသားများအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) 

၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၄ ရက် ယနေ့ (လွတ်လပ်ရေးနေ့)တွင် ထုတ်ဝေမည့်ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၁၀၀၀/-ကျပ်တန် ငွေစက္ကူပုံစံသစ်၏ ပုံသဏ္ဌာန်နှင့် အမှတ်အသားများအား မြန်မာနိုင်ငံတော်ဗဟုဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက် ယနေ့ (လွတ်လပ်ရေးနေ့)တွင် ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၁၀၀၀/-ကျပ်တန် ငွေစက္ကူပုံစံသစ်၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံနှင့် ကျောဘက်တွင် လွှတ်တော်အဆောက်အဦပုံ ရိုက်နှိပ်ထားပါသည်။ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၁ဝဝဝိ/-တန် ငွေစက္ကူပုံစံသစ်၏ အရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာနှင့် အနံ ၇၀ မီလီမီတာရှိပါသည်။ ပေါ်လွင်သောအရောင်မှာ အပြာရောင်ဖြစ်ပါသည်။

၁၀၀၀/-ကျပ်တန် ငွေစက္ကူပုံစံသစ်၏ ပုံသဏ္ဌာန်နှင့် အမှတ်အသားများအားတွေ့ရစဉ် (ဓာတ်ပုံ–မြန်မာ့အလင်း)

ငွေစက္ကူဆေးသားရိုက်နှိပ်ရာတွင် ဖောင်းကြွပုံနှိပ်နည်းစနစ်ဖြင့် ရိုက်နှိပ်ထားသည့်အတွက် ငွေစက္ကူ၏ တန်ဖိုး ဂဏန်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာသားနေရာများသည် ပီပြင်ထင်ရှားသည့်အပြင် လက်ဖြင့်စမ်းသပ်ကြည့် ပါက ကြမ်းတမ်းမှုရှိကြောင်း တွေ့ရှိရပါသည်။ ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားကြောင်း သိရသည်။

ငွေစက္ကူ၏ မျက်နှာစာဘက်ရှိ ဘယ်/ညာအစွန်းများတွင် အမြင်အာရုံအားနည်းသူများအတွက် လက်ဖြင့် ထိတွေ့စမ်းသပ်ကြည့်ပါက အာရုံခံသိရှိနိုင်သည့် ဖောင်းကြွလိုင်းတိုမျဉ်းကြောင်းငယ် (၁၁) ကြောင်းစီ ရိုက်နှိပ် ထားပါသည်။ ငွေစက္ကူပုံစံသစ်ကို အလင်းရောင်တွင် ထောင်ကြည့်ပါက ငွေစက္ကူမျက်နှာစာဘက် ဗိုလ်ချုပ်ရုပ်ပုံ၏ လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံရေစာကို ရှင်းလင်းစွာ တွေ့မြင်နိုင်ကြောင်း၊

လုံခြုံရေးကြိုးအား တစ်ဝက်ဖုံး တစ်ဝက်ပေါ် ဒေါင်လိုက်မြှုပ်ထားပြီး ရောင်ပြေးနည်းပညာများဖြင့် ပြုလုပ်ထားသည့်အတွက် ငွေစက္ကူလှုပ်ရှားမှု ရှုထောင့်တိုင်းတွင် ရွှေရောင်မှ အစိမ်းရောင်သို့ ထူးခြားစွာ ရုပ်လုံးကြွအရောင်ပြောင်းလဲမှုကို မြင်တွေ့နိုင်ကြောင်း၊ ငွေစက္ကူမျက်နှာစာ၏ လက်ယာဘက်ရှိ မြန်မာစာသား “တစ်ထောင်ကျပ်” နံဘေးခဲရောင်ဧရိယာအား ၄၅ ဒီဂရီခန့် တိမ်းစောင်းကြည့်ပါက အင်္ဂလိပ်အက္ခရာ “CBM” များကို တွေ့မြင်နိုင်ကြောင်း သိရသည်။

 ငွေစက္ကူကို တည့်တည့်ကြည့်ပါက မတွေ့နိုင်သော်လည်း တိမ်းစောင်းကြည့်ပါက ငွေစက္ကူ၏ ကျောဘက်ခါးလယ်တွင် ဒေါင်လိုက်ရိုက်နှိပ်ထားသည့် ရွှေရောင်ကနုတ်ကွက်အား တွေ့မြင်နိုင်ကြောင်း သိရသည်။ဗိုလ်ချုပ်ရုပ်ပုံပါ ၁ဝဝဝိ/-တန် ငွေစက္ကူပုံစံသစ်အား ရုံးဖွင့်ရက်ဖြစ်သော (၇-၁-၂၀၂၀)ရက်နေ့မှစ၍ ဘဏ်များမှ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း လက်ရှိသုံးစွဲလျက်ရှိသော ၁ဝဝဝိ/-တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေ အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117