အော့တိုဝါ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ Halifax မြို့တွင် ဖေဖော်ဝါရီ ၁၉ ရက် အစောပိုင်းက နေအိမ်တစ်လုံးမီးလောင်မှုကြောင့် ကလေးငယ် ၇ဦးသေဆုံးသွားခဲ့ကြောင်း CBC သတင်းဌာနက ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်း၊ HONDA(Myanmar) အထပ်သားစက်ရုံ မီးလောင်မှုကြောင့် ဖေဖော်ဝါရီ ၂၀ရက်ထိ လူ ၆ဦးသေဆုံးကာ ၁၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ကာရာကပ်စ်၊ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) ဗင်နီဇွဲလား စစ်ဘက်ဆိုင်ရာက ပြည်ပအင်အားစုများ၏ အမိန့်ကို ဘယ်တော့မှ လက်ခံမည် မဟုတ် ကြောင်း ဗင်နီဇွဲလား ကာကွယ်ရေး ဝန်ကြီး Vladimir Padrino Lopezက ဖေဖော်ဝါရီ ၁၉ ရက်တွင် အလေးအနက်ထားပြောကြားခဲ့သည်။
ပါရီ ၊ ဖေဖော်ဝါရီ ၂ဝ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံတောင်ပိုင်း မာဆေးလ်မြို့၌ ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက လမ်းသွားလမ်းလာများအား ဓားဖြင့် လိုက်လံတိုက်ခိုက်သူတစ်ဦးကို ရဲတပ်ဖွဲ့က အသေပစ်သတ်ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် Info ရေဒီယိုက သတင်းဖော်ပြခဲ့သည်။
ဆန်းကျန့်၊ ဖေဖော်ဝါရီ ၂ဝ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းရှိ နည်းပညာမြို့တော်ကြီးဖြစ်သော ဆန်းကျန့်မြို့(Shenzhen) ၌ ၂ဝ၁၉ ခုနှစ်အတွင်း 5G ကွန်ရက်နည်းပညာ စီးပွားဖြစ် အသုံးပြုမှုအတွက် ကနဦးရှေ့ပြေးစီမံကိန်းကို စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ဆိုသည်။
ဂျာကာတာ၊ ဖေဖော်ဝါရီ ၂၀ (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း North Maluku ပြည်နယ်တွင် ဖေဖော်ဝါရီ ၂၀ ရက် အစောပိုင်းက အင်အား ၅.၉ ရစ်ချ်တာစကေး ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသ နှင့် ဘူမိရူပဌာနက ပြောကြားခဲ့သည်။ (Xinhua)
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ရက် (ဆင်ဟွာ) ဈေးများကို ခေတ်မီအဆင့်မြင့်ဈေးများဖြစ်ရန် စီမံဆောင်ရွက် လျက်ရှိရာ ပထမအဆင့် ဆောင်ရွက်ရန် ဈေးများစာရင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ရှိ လှိုင်ရတနာဈေး ပါဝင်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံဘက်မှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုမြင့်တက်ခဲ့ရသည့် မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအား စုံစမ်းစစ်ဆေးရာတွင် အိန္ဒိယနိုင်ငံက ပူးပေါင်းဆောင်ရွက်ရန် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်း (Imran Khan) က ဖေဖော်ဝါရီလ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ငွေကျပ် ၁,၅၂၈ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
မက္ကဆီကို၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ သမ္မတ အန်ဒရီစ် မနျူရယ် လိုပက်ဇ် အိုဘရာဒေါ (Andres Manuel Lopez Obrador)က စီးပွားရေး နှင့် ကုန်သွယ်ရေး တွင် အလာအလာရှိသော အာရှပစိဖိတ်ဒေသများ နှင့် အလေးပေး ဆောင်ရွက်ရန် အထူးသဖြင့် တရုတ်နိုင်ငံ...