Connect with us

Politics, Law & Military

ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲအား ၂၀၂၀ ခုနှစ် ဇန်နဝါရီလ တွင် ကျင်းပမည်

ကျောက်မျက်ပွဲတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲ ကို ၂.၁.၂၀၂၀ ရက်နေ့မှ ၇.၁.၂၀၂၀ ရက်နေ့အထိ မဏိရတနာကျောက်စိမ်းခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။  

ကျောက်မျက်အတွဲများရောင်းချခြင်း ကို ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၂ ရက်မှ ၃ ရက် အထိ၊ ကျောက်မျက်အတွဲများ အားအိတ်ဖွင့်တင်ဒါဖြင့်ရောင်းချခြင်း အား ၂၀၂၀ ဇန်နဝါရီလ ၄ ရက်၊ ကျောက်စိမ်းအတွဲများရောင်းချခြင်း ကို ဇန်နဝါရီလ ၂ ရက် မှ ၄ ရက်အထိ၊ ကျောက်စိမ်းအတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချခြင်း ကို ဇန်နဝါရီ ၅ ရက် မှ ၇ ရက် အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)