Connect with us

Asia

တရုတ်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံအကြား တိုက်ရိုက်လေကြောင်း ပိုမိုပျံသန်းရေး နှစ်နိုင်ငံ ဝန်ကြီးချုပ်များ တိုက်တွန်း

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အဗ္ဗဒူလာအရီပိုဗ်တို့ တွေ့ဆုံဆွေးနွေးနေကြစဉ် (ဆင်ဟွာ)

တက်ရှ်ကန့်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က တရုတ်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပိုမိုပျံသန်းနိုင်ရေးအတွက် မျှော်လင့်ကြောင်း နိုဝင်ဘာ ၁ ရက်က ပြောကြားလိုက်သည်။

လီသည် ဥဇဘက်ကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အဗ္ဗဒူလာအရီပိုဗ် (Abdulla Aripov) နှင့် တွေ့ဆုံဆွေးနွေးစဉ်အတွင်း အထက်ပါအတိုင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ၁၈ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရခေါင်းဆောင်များကောင်စီ အစည်းအဝေးတက်ရောက်ရန်နှင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်သွားရောက်ရန် ဥဇဘက်ကစ္စတန်နိုင်ငံသို့ နိုဝင်ဘာ ၁ ရက်အစောပိုင်းက ရောက်ရှိလာခဲ့သည်။

လီက နှစ်နိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် အခြားသောနယ်ပယ်၌ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ဖလှယ်မှုများ ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရေး ပိုမိုခိုင်မာစေရေးအတွက်လည်း ပြောကြားခဲ့သည်။

ထို့နောက် ဥဇဘက်ကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အဗ္ဗဒူလာအရီပိုဗ်ကလည်း ဥဇဘက်ကစ္စတန်အနေဖြင့် နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းလိုင်းများ တိုးမြှင့်ရေးနှင့် ဥဇဘက်ကစ္စတန်နှင့် တရုတ်နိုင်ငံကြား ရှေးရိုးစဉ်လာ ချစ်ကြည်ရင်းနှီးမှုနှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေးများအား စဉ်ဆက်မပြတ် ကျစ်လစ်ခိုင်မာရေးအတွက် ဆန္ဒရှိကြောင်း ပြောခဲ့သည်။

တရုတ်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့သည် ပြည်သူအချင်းချင်းနှင့် ယဉ်ကျေးမှု ဖလှယ်ရေး ခိုင်မာမှုအပေါ် ဝမ်းမြောက်လျက်ရှိကြောင်း၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်ကာ တရုတ်နိုင်ငံသားများအနေဖြင့် ဥဇဘက်ကစ္စတန်နိုင်ငံသို့ သွားရောက်ရာတွင် ၇ ရက်တာ ဗီဇာကင်းလွတ်ခွင့်ရရှိတော့မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ စီစဉ်မှုကို လက်ခံလုပ်ဆောင်ရာတွင် အာရှအလယ်ပိုင်းနိုင်ငံများအကြား ဥဇဘက်ကစ္စတန်နိုင်ငံက ပထမဆုံးဖြစ်ကြောင်း သိရသည်။ (Xinhua)