Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းရှိ လျှိုမြောင်အတွင်း ထရပ်ကားပြုတ်ကျ၊ လူ ၁၉ ဦးသေ၊ ၂၂ ဦးဒဏ်ရာရရှိ

လျှိုမြောင်အတွင်း ပြုတ်ကျနေသည့် ကုန်တင်ကားတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း တောင်ထူထပ်သော Apayao ပြည်နယ်တွင် အောက်တိုဘာ ၃၁ ရက်ညပိုင်းက ခရီသည်များတင်ဆောင်လာသော ကုန်တင်ကားကြီးတစ်စီး လျှိုမြောင်အတွင်းသို့ ပြုတ်ကျသွားခဲ့ရာ လူ ၁၉ ဦးသေဆုံးပြီး အခြားလူ ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁ ရက်၌ ပြောကြားခဲ့သည်။

အဆိုပါ ထရပ်ကားသည် အောက်တိုဘာ ၃၁ ရက် ဒေသစံတော်ချိန် ည ၇ : ၀၀ နာရီက ကယ်လင်ဂါပြည်နယ်မှ အနီးဝန်းကျင်ရှိ Apayao ပြည်နယ်သို့သွားနေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

 

ယာဉ်မောင်းက ချောနေသည့်လမ်းမပေါ်တွင် ထိန်းညှိမောင်းနေစဉ် ယာဉ်ကိုမထိန်းနိုင်ဖြစ်ပြီး လမ်းပေါ်မှချော်ကာ လျှိုမြောင်အတွင်းသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

သေဆုံးခဲ့သူများမှာ အသက်ကြီးသူအများစုဖြစ်ပြီး ၎င်းတို့က အစိုးရထံမှ ထောက်ပံ့သော ငွေကြေးနှင့် မျိုးစေ့များ ရရှိပြီးနောက် Conner မြို့ရှိ ၎င်းတို့၏ကျေးရွာသို့ ပြန်လာချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။ (Xinhua)