Connect with us

North America

ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းတွင် တစ္ဆေကြီးညပျော်ပွဲရွှင်ပွဲတွင် သေနတ်ပစ်ခတ်ခံရမှုကြောင့် လူ၄ဦးသေဆုံး

အခင်းဖြစ်ပွားပြီးနောက်ရဲတပ်ဖွဲ့မှစစ်ဆေးမှုများဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) 

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းရှိ Orinda မြို့ရှိ အိမ်တစ်အိမ်တွင်ပြုလုပ်သည့် တစ္ဆေကြီးည ပါတီပွဲတွင် အောက်တိုဘာလ ၃၁ ရက် ညတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ လူလေးဦးသေဆုံးခဲ့ပြီး လူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KTVU ဒေသခံတီဗွီသတင်းတွင် နိုဝင်ဘာလ ၁ ရက်တွင် ထုတ်လွှင့်ခဲ့သည်။

ည ၁၁ နာရီ (နိုဝင်ဘာလ ၁ ရက် ၊ ဂရင်းနစ်စံတော်ချိန် ၀၀၆၀၀) ဝန်းကျင်တွင် AirBNB တွင်ငှားရမ်း၍ ကျင်းပသော ပုဂ္ဂလိက ပါတီပွဲတစ်ခုတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့်ပတ်သက၍အမှတ်၂၄ အမြန်လမ်းမကြီးအနီး၊ ကီလိုမီတာ ၁၀၀ အတွင်း ပိတ်ဆို့မှုများပြုလုပ်၍ အသေးစိတ်စုံစမ်းမှုများဆောင်ရွက်လျက်ရှိကြောင်း ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း Orinda မြို့နယ်ရဲတပ်ဖွဲ့မှ တွစ်တာတွင် ရေးသားခဲ့သည်။ 

Orindaပစ်ခတ်မှု ၏ နောက်ဆုံးအခြေအနေမှာ  လူ၄ဦးသေဆုံးခဲ့ပြီး လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း police@cocosopio တွစ်တာတွင် ရေးသားခဲ့သည်။  (Xinhua)