Connect with us

Asia

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်နှင့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် မက်ဗီဒက်ဗ် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ရုရှားနိုင်ငံဝန်ကြီးချုပ် မက်ဗီဒက်ဗ် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

တက်ရ်ကန့်၊နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)အဖွဲ့ဝင်နိုင်ငံများ ဝန်ကြီးချုပ်အစည်းအဝေးသို့ တက်ရောက်သည့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ်နှင့် တက်ရှ်ကန့်(Tashkent)တွင် နိုဝင်ဘာ ၁ ရက်က  တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ထိုသို့တွေ့ဆုံဆွေးနွေးရာ ဝန်ကြီးချုပ်လီခဲ့ချန်က မကြာသေးမီက စိန့်ပီတာစဘတ်တွင် ကျင်းပခဲ့သော တရုတ်-ရုရှား ဝန်ကြီးချုပ် ၂၄ ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင်  နှစ်နိုင်ငံ ကဏ္ဍစုံ အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်ရေးတွင် သဘောတူညီချက်အသစ်များ ရရှိခဲ့ကြောင်း ၊ တရုတ်-ရုရှားနှစ်နိုင်ငံသည် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်များဖြစ်သလို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၏  အရေးပါသည့်အဖွဲ့ဝင်များ ဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့်  ရုရှားနိုင်ငံနှင့်အတူ  နိုင်ငံတကာ ဒေသရေးရာကိစ္စရပ်များတွင် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်သွားကာ ဒေသနှင့်ကမ္ဘာ့၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်တက်ရေးကို အတူ ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ် ကလည်း  မကြာသေးမီက ကျင်းပသည့် ရုရှား-တရုတ် ဝန်ကြီးချုပ်ဆွေးနွေးပွဲတွင် အောင်မြင်မှုများ ရရှိခဲ့ရာ ပူးပေါင်းဆောင်ဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ၊ နှစ်နိုင်ငံ ဒေသပူးပေါင်းဖလှယ်ရေးနှစ် ကာလအဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ရာ လာမည့်နှစ်နှင့်နောက်နှစ်တွင်  ရုရှား-တရုတ် သိပ္ပံနည်းပညာ ဆန်းသစ်မှုနှစ်အဖြစ် ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍကို အဆက်မပြတ် နက်ရှိုင်းစွာဆောင်ရွက်သွားပြီး ပိုမို ဖွံ့ဖြိုးတိုးတက်သည့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များကို ရရှိအောင် တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)