Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး မော်လူးမြို့ မင်းရာဇာရပ်ကွက်အတွင်း ငွေကျပ်သိန်းပေါင်း ၅၅၀၀ ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများခိုးယူခံရ

မော်လူးမြို့အဝင်ဆိုင်းဘုတ်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

 ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့ မင်းရာဇာ ရပ်ကွက်အတွင်း နေအိမ်တစ်အိမ်မှ တန်ဖိုး ငွေကျပ် သိန်းပေါင်း ၅၅၀၀ ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်း ဖောက်ထွင်းခိုးယူခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၃၁ ရက် နံနက် ၄ နာရီ မိနစ် ၂ဝ ခန့်တွင် အင်းတော်မြို့နယ် မော်လူးမြို့ မင်းရာဇာရပ်နေ ဦးရန် နိုင်မျိုးသည် နေအိမ်အပေါ်ထပ်တွင် အိပ်နေပြီး နံနက် ၄ နာရီ မိနစ် ၂၀ ခန့်က နေအိမ်အပေါ်ထပ်မှထကာ အောက်ထပ်သို့ဆင်းလာ စဉ် နေအိမ်အောက်ထပ်၌ ရွှေထည်ပစ္စည်းများထည့်ထားသော ရွှေကောင်တာ ခြောက်ခုအနက် ကောင်တာလေးခုမှာ ပွင့်နေသဖြင့် စစ်ဆေးကြည့်ရှုရာ ရွှေထည်ပစ္စည်းများအပြင် အပေါင်ခံထား သည့် ရွှေထည်ပစ္စည်းမျိုးစုံပါ စုစုပေါင်း ပျောက်ဆုံး ရွှေအလေးချိန် ငါးပိဿာခန့် စုစုပေါင်းကာလတန်ဖိုးငွေကျပ် သိန်း ၅၅၀၀ ခန့် ပျောက်ဆုံးနေကြောင်း စစ်ဆေးသိရှိရသဖြင့် မော်လူးမြို့မရဲစခန်း သို့ တိုင်ကြားထားကြောင်း သိရသည်။

မော်လူးမြို့မရဲစခန်းမှ ရွှေထည်ပစ္စည်းခိုးယူသွားသူအား အမြန်ဖမ်းမိရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ကြေးမုံသတင်းစာတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.