မော်စကို ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရုရှား မဟာဗျူဟာမြောက် Tu-160 ဗုံးကြဲလေယာဉ် နှစ်စင်းသည် ဘောလ်တစ် ပင်လယ် အပေါ်တွင် စက်တင်ဘာ ၁၇ ရက်တွင် ခုနှစ်နာရီအကြာ ပျံသန်းမှု တစ်ခုအား ပြုလုပ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့သည်။
စိန့်ပီတာစဘာ့ဂ်၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်သည် ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) နှင့်အတူ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက စိန့်ပီတာစဘာ့ဂ်မြို့တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အများပြည်သူ စည်ကားရာနေရာတစ်ခု နှင့် ပါဝမ်ပြည်နယ်( Parwan) ၌ ပြုလုပ်သော ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတစ်ခုတွင် ဖြစ်ပွားခဲ့သော အရပ်သားပြည်သူအများအပြားသေဆုံးခဲ့ရသည့် အသေခံဗုံးခွဲတိုက်ခိုက်မှုများအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က စက်တင်ဘာ ၁၇ ရက်တွင် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်သည်။
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) (၇၄) ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အား စက်တင်ဘာ ၁၇ ရက် တွင် နယူးယောက် မြို့ ရှိ ကုလသမဂ္ဂ ရုံးချုပ် ၌ စတင် ကျင်းပ ပြုလုပ်ခဲ့ပြီး...
ကဘူးလ်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ပါဝန်ပြည်နယ်၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတစ်ခုအတွင်း ပေါက်ကွဲမှု တစ်ခု စက်တင်ဘာလ ၁၇ ရက်တွင် ဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောခဲ့သည်။
ကဘူးလ်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တွင် လာမည့် ရက်သတ္တပတ်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သမ္မတရွေးကောက်ပွဲ ကျင်းပခါနီးအချိန်တွင် မြို့တော်ဖြစ်သည့် ကဘူးလ်မြို့ ၏ ရဲတပ်ဖွဲ့ခရိုင်၉ တွင် စက်တင်ဘာ ၁၇ရက် က ပြင်းထန်သည့်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Ferdaus Faramarz ကပြောသည်။ (Xinhua)
အန်ကာရာ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) တူရကီ၊ရုရှား၊အီရန် သုံးနိုင်ငံ ခေါင်းဆောင်များသည် စက်တင်ဘာ ၁၆ ရက်က တူရကီနိုင်ငံ အန်ကာရာမြို့တွင် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ပြုလုပ်ပြီး ဆီးရီးယားနိုင်ငံ လုံခြုံရေးပြဿနာကို အဓိကထားဆွေးနွေးခဲ့ကြရာ ဆီးရီယားနိုင်ငံအနောက်မြောက်ပိုင်း အိုင်ဒလစ်ပ်ဒေသတွင် ရေရှည် အပစ်အခတ်ရပ်စဲမှုကို အကောင်အထည်ဖော်သင့်ကြောင်း အလေးနက်ထားပြောခဲ့ကြသည်ဟု သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူများအား စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးထုတ်ပေးခြင်းအား မြန်မာနိုင်ငံသားဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။
တီဟီရန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံက မည်သည့် ရာထူးအဆင့်ရှိသည့် ပုဂ္ဂိုလ် နှင့်မဆို အီရန်နိုင်ငံမှ တာဝန်ရှိသူများမှ ဆွေးနွေးမည်မဟုတ်ဟု တညီတညွတ်တည်း ဆန္ဒရှိကြကြောင်း အီရန်နိုင်ငံ အကြီးအကဲခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) က စင်တင်ဘာ...
မနီလာ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ် (ADB) ဥက္ကဋ္ဌ တာခဲဟိကို နာကာအို (Takehiko Nakao) သည် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၇ ရက်တွင် ကြေညာလိုက်ပြီး ယင်းသို့နုတ်ထွက်မှုမှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်၌ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း...