Connect with us

Science & Technology

ပဉ္စမမြောက် C919 လေယာဉ်အား အောင်မြင်စွာ စမ်းသပ်ပျံသန်း

တရုတ်နိုင်ငံ၏ ပဉ္စမမြောက် C919 ခရီးသည်တင်လေယာဉ် စမ်းသပ်ပျံသန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပဉ္စမမြောက် C919 ခရီးသည်တင်လေယာဉ်ကြီးအား အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက ရှန်ဟိုင်းမြို့လေဆိပ်တွင် စမ်းသပ်ပျံသန်းမှု အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်တွင်းထုတ် လေယာဉ်သည် ရှန်ဟိုင်း ဖူတုံ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒေသစံတော်ချိန် နံနက် ၁၀ : ၀၀ နာရီခန့်က စတင်ပျံသန်းထွက်ခွာခဲ့ရာ တစ်နာရီ ၃၇ မိနစ်အကြာတွင် ယင်းလေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ပဉ္စမမြောက် C919 ခရီးသည်တင်လေယာဉ် စမ်းသပ်ပျံသန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ယင်းလေယာဉ်အား အပူချိန်ခံနိုင်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းချုပ်မှုစနစ်၊ လျှပ်စစ်လည်ပတ်မှုနှင့် ရေ၊ ဆီ စွန့်ထုတ်လွှတ်မှုဆိုင်ရာ စမ်းသပ်မှုများ အဓိကလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

စတုတ္ထမြောက် C919 လေယာဉ်အား ဩဂုတ်လက ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117