Connect with us

Europe

ဟွာဝေ ကုမ္ပဏီ ၏ အကူအညီဖြင့် ပေါ်တူဂီ နိုင်ငံ တွင် ပထမ ဦးဆုံး 5G ကွန်ယက် တည်ဆောက်ပြီးစီး

5G အသုံးပြုနိုင်သော ဟွာဝေ ကုမ္ပဏီ မှ ထုတ်လုပ်သည့် Mate30 Pro ဖုန်းအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

လစ္စဘွန်း ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ပေါ်တူဂီ  နိုင်ငံ NSO တယ်လီကွန် ကုမ္ပဏီ ၏ အောက်တိုဘာ ၂၃ ရက် ထုတ်ပြန်ကြေညာချက် တွင် မိမိ တို့ ကုမ္ပဏီ အနေဖြင့် တရုတ် နိုင်ငံ ဟွာဝေ ကုမ္ပဏီ နှင့် ပူးပေါင်း၍ ပေါ်တူဂီ နိုင်ငံ မြောက်ပိုင်း Matosinhos မြို့ တွင် နိုင်ငံတွင်း ပထမဦးဆုံးသော 5G ကွန်ယက် တည်ဆောက်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

NSO ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် Miguel Almeida က NSO ကုမ္ပဏီ အနေဖြင့် 5G ကွန်ယက် အား တရားဝင် စတင် အသုံးပြုနိုင်ခဲ့ပြီး ဒေသတွင်း အစိုးရ ၊ လုပ်ငန်းကုမ္ပဏီ နှင့် သုတေသန အဖွဲ့အစည်းများ အတွက် 5G နည်းပညာအသုံးပြုမှု သုသေတန စင်တာ ကိုလည်း ထောက်ပံ့ပေး ခဲ့ကြောင်း ၊ ယခု ဆောင်ရွက်မှုများ က NSO ကုမ္ပဏီ အနေဖြင့် 5G နည်းပညာ အသုံးပြုမှုပိုင်း တွင် ရှေ့ဆောင်နေရာတွင် ရောက်ရှိနေကြောင်း ဖော်ပြနိုင်ခဲ့ပြီး Smart City ကဏ္ဍ ၏ တီထွင်စန်းသစ်မှု ပိုင်း တွင်လည်း ရှေ့ဆောင်နေရာ တွင် ရောက်ရှိနေသည် ကို ဖော်ပြနိုင်ခဲ့ကြောင်း ၊ ယင်းမှာလည်း ပေါ်တူဂီ တယ်လီကွန် ၏ သမိုင်းတွင်စေသော ဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

 ယခင် အပတ် တွင် ဆွစ်ဇာလန် နိုင်ငံ တွင် ကျင်းပပြုလုပ်ခဲ့သော (၁၀) ကြိမ်မြောက် Mobile broadband ဖိုရမ် တွင် ဟွာဝေ ကုမ္ပဏီ 5G ကုန်ပစ္စည်း လိုင်း ဥက္ကဋ္ဌ ရန်ချောင်ပင်း  ( Yang Chaobin ) က လက်ရှိချိန်တွင် ဟွာဝေ ကုမ္ပဏီ အနေဖြင့် နိုင်ငံတကာ တွင် 5G လုပ်ငန်းစာချုပ်ပေါင်း ၆၀ ကျော်ကို ချုပ်ဆိုခဲ့ပြီး စာချုပ်များ အနက် ဥရောပတိုက် နိုင်ငံများ နှင့် ချုပ်ဆိုသည့် စာချုပ် က ၃၂ ခု ရှိကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.