Connect with us

Europe

ဗြိတိန်နိုင်ငံတွင် ထရပ်ကားကွန်တိန်နာတစ်ခုအတွင်း လူ ၃၉ ဦးသေဆုံးမှုကြောင့် ယာဉ်မောင်းကို ဖမ်းဆီး

ဗြိတိန်နိုင်ငံ လန်ဒန်မြို့နယ်စပ် အက်စ်စက်နယ်မြေရှိ စက်မှုဇုံတစ်ခုတွင် လူ ၃၉ ဉီး သေဆုံးနေသည်ကို တွေ့ရသည့် သင်္ဘောကွန်တိန်နာရှိရာနေရာ၌ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့နယ်စပ် အက်စ်စက်နယ်မြေရှိ စက်မှုဇုံတစ်ခုတွင် အောက်တိုဘာ ၂၃ ရက်က သင်္ဘော ကွန်တိန်နာတစ်ခုအတွင်း လူ ၃၉ ဦး၏ ရုပ်အလောင်းများတွေ့ခဲ့ခြင်းကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသား ယာဉ်မောင်းတစ်ဦးအား လူသတ်မှု၏ မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ ယာဉ်မောင်းမှာ မြောက်အိုင်ယာလန်နယ်မှဖြစ်ပြီး လက်ရှိတွင် ၎င်းအားစုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကွန်တိန်နာအတွင်း သေဆုံးသူများအနက် ၃၈ ဦးမှာ အရွယ်ရောက်ပြီးသူများဖြစ်ကာ တစ်ဦးမှာမူ ဆယ်ကျော်သက်ဖြစ်နိုင်ဖွယ်ရှိသည်ဟု အက်စ်စက်ခရိုင်ရဲတပ်ဖွဲ့က ပြောခဲ့ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က “လန်ဒန်မြို့လယ် အရှေ့ပိုင်း ၃၈ ကီလိုမီတာခန့်အကွာက ဂရေးစ်မြို့ Eastern Avenue ရိပ်သာလမ်းရှိ Waterglade စက်မှုဉယျာဉ်အတွင်း ကွန်တိန်နာထဲမှာ လူသေဆုံးမှုကို တွေ့ရှိခဲ့ပြီးနောက် တာဝန်ရှိသူတွေက ဒေသစံတော်ချိန် နံနက် ၁ : ၄၀ နာရီခန့်မှာ လူနာတင်ကားကို ခေါ်ခဲ့တယ်” ဟု ပြောခဲ့သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့နယ်စပ် အက်စ်စက်နယ်မြေရှိ စက်မှုဇုံတစ်ခုတွင် လူ ၃၉ ဉီး သေဆုံးနေသည်ကို တွေ့ရသည့် သင်္ဘောကွန်တိန်နာရှိရာနေရာ၌ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့နယ်စပ် အက်စ်စက်နယ်မြေရှိ စက်မှုဇုံတစ်ခုတွင် လူ ၃၉ ဉီး သေဆုံးနေသည်ကို တွေ့ရသည့် သင်္ဘောကွန်တိန်နာရှိရာနေရာ၌ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့နယ်စပ် အက်စ်စက်နယ်မြေရှိ စက်မှုဇုံတစ်ခုတွင် လူ ၃၉ ဉီး သေဆုံးနေသည်ကို တွေ့ရသည့် သင်္ဘောကွန်တိန်နာရှိရာနေရာ၌ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့နယ်စပ် အက်စ်စက်နယ်မြေရှိ စက်မှုဇုံတစ်ခုတွင် လူ ၃၉ ဉီး သေဆုံးနေသည်ကို တွေ့ရသည့် သင်္ဘောကွန်တိန်နာရှိရာနေရာ၌ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့နယ်စပ် အက်စ်စက်နယ်မြေရှိ စက်မှုဇုံတစ်ခုတွင် လူ ၃၉ ဉီး သေဆုံးနေသည်ကို တွေ့ရသည့် သင်္ဘောကွန်တိန်နာရှိရာနေရာ၌ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့နယ်စပ် အက်စ်စက်နယ်မြေရှိ စက်မှုဇုံတစ်ခုတွင် လူ ၃၉ ဉီး သေဆုံးနေသည်ကို တွေ့ရသည့် သင်္ဘောကွန်တိန်နာရှိရာနေရာ၌ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့နယ်စပ် အက်စ်စက်နယ်မြေရှိ စက်မှုဇုံတစ်ခုတွင် လူ ၃၉ ဉီး သေဆုံးနေသည်ကို တွေ့ရသည့် သင်္ဘောကွန်တိန်နာရှိရာနေရာ၌ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့နယ်စပ် အက်စ်စက်နယ်မြေရှိ စက်မှုဇုံတစ်ခုတွင် လူ ၃၉ ဉီး သေဆုံးနေသည်ကို တွေ့ရသည့် သင်္ဘောကွန်တိန်နာရှိရာနေရာ၌ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

“အရေးပေါ်ဝန်ဆောင်မှုတွေ ချက်ချင်းရောက်ရှိလာခဲ့ပေမဲ့ လူ ၃၉ ဦးစလုံး သေဆုံးနေခဲ့ပါပြီ” ဟု ရဲတပ်ဖွဲ့ ကြေညာချက်၌ ဖော်ပြထားသည်။

အဆိုပါ ကွန်တိန်နာကားမှာ အောက်တိုဘာ ၁၉ ရက်က ဘူလ်ဂေးရီးယားနိုင်ငံမှ လာရောက်ပြီး ဝေးလ်နယ် Holyhead မြို့သို့ ဝင်ရောက်ခဲ့သည်ဟု ရဲတပ်ဖွဲ့ ယုံကြည်ထားသည်။

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (Boris Johnson) က အဆိုပါ ဝမ်းနည်းဖွယ်ဖြစ်ရပ်ကြောင့် ထိတ်လန့်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.