Connect with us

Economy

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ လုပ်ငန်းကုမ္ပဏီ များ က ပဲခူးတိုင်းဒေသကြီး သို့ သွားရောက်၍ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် လေ့လာ

တရုတ် နိုင်ငံ သံအမတ်ကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ နှင့် ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ စီးပွားရေး နှင့် ကုန်သွယ်ရေး ဆွေးနွေးဖလှယ်မှု ပြုလုပ်နေစဉ်(ဆင်ဟွာ)

ပဲခူး ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် ဦးဆောင်သော တရုတ် နိုင်ငံ လုပ်ငန်းကုမ္ပဏီများ အဖွဲ့ သည် အောက်တိုဘာ ၂၄ ရက် တွင် ပဲခူးတိုင်းဒေသကြီး သို့ သွားရောက်ပြီး ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် နှင့် ပတ်သက်၍  လေ့လာ ခဲ့ကြောင်း သိရသည်။

တရုတ် နိုင်ငံ သံအမတ်ကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ က သွားရောက်လေ့လာစဉ် အတွင်း ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ နှင့် စီးပွားရေး နှင့် ကုန်သွယ်ရေး ဆွေးနွေးဖလှယ်မှု တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ တွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝင်းသိန်း က တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ ပဲခူးတိုင်းဒေသကြီး တွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်ပြုလုပ်ရန် ဖိတ်ခေါ် ခဲ့ကြောင်း သိရသည်။

Zhejiang Jiangnan International Co.,Ltd နှင့် ပဲခူးတိုင်းဒေသကြီး အစိုးရ အကြား မြေငှားရမ်းခြင်း ဆိုင်ရာ နားလည်းမှု စာချွန်လွှာ ရေးထိုးနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သံအမတ်ကြီး ဦးဆောင်သော  အဖွဲ့ က ပဲခူးတိုင်းဒေသကြီး အတွင်း ရှိ Karisma အထည်ချုပ် စက်ရုံ သို့ သွားရောက် လေ့လာစဉ်(ဆင်ဟွာ)

ဆွေးနွေးပွဲ အတွင်း ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ တာဝန်ရှိသူ တစ်ဦး က လက်ရှိဒေသတွင်း ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် အခြေအနေ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပေး ခဲ့ပြီး Zhejiang Jiangnan International Co.,Ltd နှင့် ပဲခူးတိုင်းဒေသကြီး အစိုးရ အကြား မြေငှားရမ်းခြင်း ဆိုင်ရာ နားလည်းမှု စာချွန်လွှာ တစ်ရပ် ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။

ထို့နောက် တွင် တရုတ် နိုင်ငံ သံအမတ်ကြီး ဦးဆောင်သော  အဖွဲ့ သည် ပဲခူးတိုင်းဒေသကြီး အတွင်း ရှိ Karisma အထည်ချုပ် စက်ရုံ နှင့် New Hop စိုက်ပျိုးရေး နှင့် မွေးမြူရေး ကုမ္ပဏီ သို့လည်း သွားရောက် လေ့လာ ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117