Connect with us

Culture & Entertainment

“Maleficent : Mistress of Evil” ဇာတ်ကားက တရုတ်ရုပ်ရှင်ရုံများတွင် ထိပ်ဆုံးနေရာတွင် ရပ်တည်နေဆဲ

“Maleficent : Mistress of Evil” ရုပ်ရှင်ဇာတ်ကား ပိုစတာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ကမာ္ဘကျော် ရုပ်ရှင်မင်းသမီး အိန်ဂျလီနာဂျိုလီ အဓိကပါဝင်သရုပ်ဆောင်ထားသော ၂၀၁၄ ခုနှစ်က စိတ်ကူးယဉ်ဇာတ်လမ်း “Maleficent” ၏ နောက်ဆက်တွဲဖြစ်သည့် “Maleficent : Mistress of Evil” ဇာတ်ကားမှာ အောက်တိုဘာ ၂၃ ရက်က တရုတ်နိုင်ငံ၏ ရုပ်ရှင်ရုံတင်စာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း တရုတ်ရုပ်ရှင် သတင်းအချက်အလက်ကွန်ရက်က အောက်တိုဘာ ၂၄ ရက်တွင် ဖော်ပြထားသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသသည့် ခြောက်ရက်မြောက်နေ့တွင် ဝင်ငွေ ယွမ် ၁၇ ဒသမ ၀၈ သန်း (အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၁ သန်း) ကျော်ရရှိခဲ့ကြောင်း သိရသည်။

ယင်းဇာတ်ကားပြီးနောက် ၂၀၁၈ ခုနှစ် မေလက စီချွမ်လေကြောင်းလိုင်း ခရီးစဉ်အမှတ် 3U8633 ၏ အံ့အားသင့်ဖွယ် အရေးပေါ်ဆင်းသက်ခဲ့ရပုံကို ရိုက်ကူးပြသထားသည့် “The Captain” ဇာတ်ကားက ဒုတိယနေရာတွင် ရှိနေပြီး ဇာတ်ကားရုံတင်ပြသသည့် ၂၄ ရက်မြောက်နေ့တွင် ဝင်ငွေ ယွမ် ၁၄.၂၇ သန်းခန့် ရရှိခဲ့သည်။

ထို့နောက် ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်စဉ်ကစ၍ သမိုင်းကြောင်းဆိုင်ရာ ဂန္ထဝင်အခိုက်အတန့်များအား ရိုက်ကူးထားသော “My People, My Country” ဇာတ်ကားက ဝင်ငွေ ယွမ် ၁၂ ဒသမ ၈၂ သန်းဖြင့် တတိယနေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117