ဟူစတန်၊ မေ ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအလယ်ပိုင်းတွင် ရက်ဆက်လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် မြစ်ရေကြီးခြင်း၊နေအိမ်ပြိုလဲပျက်စီးခဲ့သလို အချို့နေရာများတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ မေ ၂၂ ရက်အထိ သေဆုံးသူ အနည်းဆုံး ၄ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
ဆစ်ဒနီ၊ မေ ၂၃ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ အနောက်ပိုင်းတွင် ဗုံးပြုလုပ်သောပစ္စည်းများဖြင့်တွေ့ရသည်ဟု စွပ်စွဲခံထားရပြီးနောက် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က တရားစွဲထားကြောင်း သိရသည်။
ဟနွိုင်း၊ မေ ၂၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ဒေါင်နမ်(Dong Nai)ပြည်နယ်တွင် မေ ၂၃ ရက်၌ ရထားတစ်စီး တိမ်းမှောက်မှုကြောင့် ခရီးသည် ၂ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဂျကာတာ ၊ မေ ၂၃ ရက်(ဆင်ဟွာ) အင်ဒိုနီးရှား နိုင်ငံ ရွေးကောက်ပွဲ ဆန္ဒပြပွဲများတွင် ပါဝင်သော အကြမ်းဖက်သူ ၂၅၇ ဦးအား ဂျကာတာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း နှင့် ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားနေသည့် အတွက် ပို၍ အဖမ်းခံရဖွယ်ရာ ရှိကြောင်း ဂျကာတာ ရဲတပ်ဖွဲ့၏...
ဘီရှကက်၊ မေ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိနှင့် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj တို့သည် ဘီရှကက်၌ ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့အစည်း(SCO) အဖွဲ့ဝင်နိုင်ငံများ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး တက်ရောက်စဉ် မေ ၂၂ ရက်က...
ရန်ကုန် ၊ မေ ၂၃ ရက်(ဆင်ဟွာ) ပြည်ထဲရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့မေ ၂၂ ရက်တွင် သွားရောက် စစ်ဆေးခဲ့ရာတွင် လေဆိပ် လုံခြုံရေး ကျိုးပေါက်မှု မရှိစေရေး အချက်များကို မှာကြား ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု...
ရန်ကုန်၊ မေ ၂၃ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Fillippo Grandiတို့သည် မေ ၂၂ ရက်က တွေ့ဆုံပြီး တိုက်ပွဲရှောင်ပြည်သူများအရေးနှင့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ) မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ) မြန်မာ-လာအို နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးတို့ တွေ့ဆုံဆွးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
လန်ဒန် ၊ မေ ၂၃ ရက် (ဆင်ဟွာ) ဗြိတိန် နိုင်ငံ အဓိက တယ်လီကွန်း အော်ပရေတာ ဖြစ်သည့် EE ကုမ္ပဏီ က မေလ ၃၀ မှ စတင်၍ နိုင်ငံ အတွင်းရှိ အဓိက မြို့ကြီး ၆ မြို့ တွင်...