Connect with us

Local

၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့၌ ယူရိုငွေ ၆၀ ဒသမ ၉၆၈ သန်းဖို့ ရောင်းချနိုင်

၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့၌ ကျောက်စိမ်းအတွဲ (၉၇၅) တွဲကို ယူရိုငွေ ၆၀ ဒသမ ၉၆၈ သန်းဖြင့်ရောင်းချနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြပွဲတွင် ပြည်တွင်းပြည်ပ ရတနာကုန်သည်များက စိတ်ကြိုက် ကြည့်ရှုလေ့လာ၍ ဈေးနှုန်းတင်သွင်းလွှာများ ရေးသားတင်သွင်းထား သည့် အတွဲအမှတ် (၃၉၁၂) မှ (၅၂၁၁) အထိ ကျောက်စိမ်းအတွဲပေါင်း (၁၃၀၀) ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲ (၉၇၅) တွဲကို ယူရိုငွေ ၆၀ ဒသမ ၉၆၈ သန်းဖြင့်ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ပြပွဲတွင် ပြည်တွင်းပြည်ပ ရတနာကုန်သည်များက ဆက်လက်ရောင်းချ သွားမည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လှည့်လည်ကြည့်ရှုကြပြီး ဈေးနှုန်းတင်သွင်းလွှာ (Bidding Form) များကို တင်ဒါပုံးများအတွင်း ထည့်သွင်းကြကြောင်း သိရသည်။

၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ဖြစ်သည့် စက်တင်ဘာ ၂၄ ရက်တွင် (၅၂၁၂) မှ (၆၅၁၁) အထိ ကျောက်စိမ်းအတွဲ ပေါင်း (၁၃၀၀) နှင့် ဒသမနေ့ဖြစ်သည့် စက်တင်ဘာ ၂၅ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် (၆၅၁၂) မှ (၇၈၁၁) အထိ ကျောက်စိမ်းအတွဲ ပေါင်း (၁၃၀၀) တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)