Connect with us

Asia

တိုင်ဖုန်း Tapah ဂျပန်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ် ၊ လူ ၅၇ ဦး ဒဏ်ရာရရှိ

ဂျပန်နိုင်ငံ Kyushuတွင် သြဂုတ် ၂၈ ရက်က ရေကြီးရေလျှံဖြစ်ပွားနေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် Tapahတိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၅၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီး ဌာနက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ မီယာဇာကီ(Miyazaki)နှင့် အိုကီနာဝါ(Okinawa) စီရင်စုတွင် နေအိမ်အမြောက်အမြား ပျက်စီးမှုများရှိခဲ့ရာ နေအိမ် ၅၁၄ အိမ် ပျက်စီးခဲ့ကြောင်း သိရသည်။ 

Tapah တိုင်ဖုန်း မုန်တိုင်းသည် စက်တင်ဘာ ၂၃ ရက်က ဂျပန်နိုင်ငံ San’in ဒေသပင်လယ်အနီးမှ Notoကျွန်းဆွယ်အနီးပင်လယ်ပြင်သို့ ဝင်ရောက်ခြင်း ဖြစ်ကြောင်း ဂျပန်နိုင်ငံ မိုးဇလဌာနက ပြောကြား ခဲ့သည်။ 

မုန်တိုင်း သက်ရောက်မှုကြောင့် Kyushuလေဆိပ် လေကြောင်းများ ခေတ္တရပ်နားခဲ့သလို  Saga စီရင်စုတွင်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း သိရသည်။ 

စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ မြောက်ပိုင်း သို့ ဖြတ်သန်းတိုက်ခိုက်မည်ဟု ဂျပန်မိုးဇလ ဌာနက ဆိုသည်။ (Xinhua)