Connect with us

Africa & Middle East

ဆီးရီးယားအစိုးရတပ်ဖွဲ့က ၃ ရက်အတွင်း မောင်းသူမဲ့လေယာဉ် ၂ စီးကိုပစ်ချ

ဆီးရီးယားအစိုးရတပ်ဖွဲ့က ပစ်ချလိုက်သော မောင်းသူမဲ့လေယာဉ်တစ်စီးကို သတင်းသမားများ ဓာတ်ပုံရိုက်ကူးနေစဉ်(ဆင်ဟွာ)

ဒမတ်စကတ်စ်၊စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ)

ဆီးရီးယားအစိုးရသည် ယခုလ ၁၉ ရက် နှင့် ၂၁ ရက် များတွင် မည်သည့်အရပ်ကလာမှန်းမသိသော အမျိုးအမည်မသိ မောင်းသူမဲ့ လေယာဉ် ၂ စီးကို ပစ်ချခဲ့ကြောင်း ဆီးရီးယား မီဒီယာတစ်ခု၏ ဖေါ်ပြချက် အရသိရသည်။

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်စ်မြို့၏ အနောက်ဘက် Quneitra စီရင်စုတွင် ယခုလ ၂၁ ရက်က မောင်းသူမဲ့လေယာဉ် တစ်စီးကို ပစ်ချခဲ့ကြောင်း၊၎င်းလေယာဉ်ကို စစ်ဆေးရာတွင် မိုင်းဗုံးနှင့် C4 ဒိုင်းနမိုက် အချို့ကို တွေ့ရှိခဲ့ကြောင်း၊ထိုလေယာဉ်သည် အနောက်ဘက်မှ ဦးတည် ပျံသန်းလာခဲ့ ကြောင်း ဆီးရီးယား သတင်းဌာန တစ်ခု၏ ဖော်ပြချက်အရသိရသည်။

ဆီးရီးယား လေကြောင်းရန် ကာကွယ်ရေးစနစ်သည် စက်တင်ဘာ ၁၉ ရက် က

 ဒမတ်စကတ်စ် မြို့၏ တောင်ဘက် Egelaiba ရွာတွင် မောင်းသူမဲ့လေယာဉ် တစ်စီးကိုပစ်ချ ခဲ့ကြောင်း၊၎င်း လေကြောင်းရန် ကာကွယ်ရေးစနစ်သည် အစ္စရေး (သို့မဟုတ်)အမေရိကန်ဘက်မှ ပစ်လွှတ်လိုက်သော ဒုံးပျံနှင့် မောင်းသူမဲ့ လေယာဉ်များ အလစ်ဝင်တိုက်ခိုက်မှုကို အကြိမ်ကြိမ် ခုခံကာကွယ် ခဲ့ရကြောင်း ဆီးရီးယား သတင်းဌာနတစ်ခု၏ ယခင်က ဖော်ပြချက်အရ သိရသည်။

Egelaiba ရွာသည် သြဂုတ် ၂၄ ရက်က အစ္စရေးအစိုးရ၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှု တစ်ခုကို ကြုံတွေ့ခဲ့ရသည်။ ဆီးရီးယားတွင် ရှိသော အစ္စလာမ်မစ် တော်လှန်ရေး၏ လက်အာက်ခံ Quds Force အဖွဲ့နှင့်ရှီယာမူဆလင် လက်နက်ကိုင်အဖွဲ့တို့ သည် Egelaiba ရွာမှနေ၍ အစ္စရေးသို့ ဦးတည်ကာ မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်ရန် ကြံစည် ခဲ့ကြောင်း၊၎င်းတို့အား လက်တုန့်ပြန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက် အရသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.