မနီလာ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မက်ထရို မနီလာမြို့တော်၏အရှေ့ဘက် Pasig မြို့တွင် ဇူလိုင်လ ၃ ရက်က သမ္မတဟောင်း ဇနီး အီမယ်လ်ဒါ မာကို့စ် (Imelda Marcos) ၏ နှစ် ၉၀ ပြည့်မွေးနေ့ပါတီ ကျင်းပနေစဉ် ပါတီပွဲဥို့ တက်ရောက်လာသူများအနက်...
ပေကျင်း၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် အီရန် နျူကလီးယားအရေး တင်းမာမှုအခြေအနေ မဆိုးဝါးစေရန် အီရန် နျူကလီးယားသဘောတူညီချက်ကို အားလုံးအတူ ထိန်းသိမ်းကြရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ကိန်းစွမ်(Geng Shuang)က ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်ဟု သိရသည်။
ဘာရီ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) ယခုနှစ် နွေရာသီတွင် ၂၅ ကားမြောက် ဂျိန်းစ်ဘွန်း ဇတ်ကားအား အီတလီ နိုင်ငံ ၊ ပတ်လီယာမြို့၌ နှစ်လကြာ ရိုက်ကူးသွားမည် ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် ခွေးရူးပြန်ရောဂါ ကာကွယ်ရေးလုပ်ငန်းအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ခွေး သို့မဟုတ် တိရစ္ဆာန် အကိုက်ခံရသူ လူနာများအတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ရရှိစေရန်နှင့် အခမဲ့ထိုးနှံ ပေးနိုင်ရန် စီမံဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး...
ဘေရွတ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက လက်ဘနွန်နိုင်ငံရှိ ရပ်တည်ရန်ခက်ခဲသော နိုင်ငံသားများနှင့် ဆီးရီးယားဒုက္ခသည်များအတွက် ဂျုံစေ့ ၁,၀၆၇ တန်အား ဇူလိုင်လ ၂ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
အဘူဂျာ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း Benue ပြည်နယ်တွင် ဇူလိုင် ၁ ရက်က ဆီတင်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယား အရာရှိတစ်ဦးက ဇူလိုင် ၂ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ပေကျင်း ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန် နိုင်ငံသမ္မတဒေါ်နယ်ထရမ့် တို့သည် ပြီးခဲ့သော ရက်သတ္တပတ်တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့၌ တွေ့ဆုံခဲ့ကြရာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကိစ္စရပ်များကို တန်းတူညီမျှမှု နှင့် အပြန်အလှန်လေးစားမှုကို အခြေခံ၍ အဖြေရှာရန်လိုလားသည့် လက္ခဏာများကို ကမ္ဘာကြီးက တွေ့မြင်ခဲ့ကြရသည်။
မွမ်ဘိုင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်၊ ရတ်နာဂီရိခရိုင်၊ Chiplun မြို့ရှိ ဆည်ငယ်တစ်ခု ဇူလိုင်လ ၂ ရက်ညပိုင်းက ကျိုးကျမှုကြောင့် လူ ၂ ဦးသေဆုံးကာ အခြားလူ ၂၂ ဦးပျောက်ဆုံးနေကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် လူကုန်ကူးမှုအမှုပေါင်း ၂၂မှု အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ဆိုင်ကယ် နှင့် သုံးဘီး ဆိုင်ကယ်တို့မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။