Connect with us

North America

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး က အာဖဂန်နစ္စတန် နိုင်ငံ အား ကူညီထောက်ပံ့မည့် အမေရိကန် ဒေါ်လာ သန်း ၁၆၀ အား ပြန်လည်ရုပ်သိမ်းမည်ဟုဆို

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွမ်ပီယို (Mike Pompeo) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွမ်ပီယို (Mike Pompeo) က စက်တင်ဘာ ၁၉ ရက် ၌ အမေရိကန် နိုင်ငံ အနေဖြင့် အာဖဂန်နစ္စတန် နိုင်ငံ အား ကူညီထောက်ပံ့မည့် အမေရိကန် ဒေါ်လာ သန်း ၁၆၀ အား ရုပ်သိမ်းခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြောင်းပြချက် အနေဖြင့် အာဖဂန်နစ္စတန် အစိုးရ မှ ငွေကြေး စီမံခန့်ခွဲမှု မကောင်းမွန်ခြင်းကြောင့် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပွမ်ပီယို က နိုင်ငံခြားရေး ဝန်ကြီးဌာန ၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက် တွင် အမေရိကန် အစိုးရ အနေဖြင့် အာဖဂန်နစ္စတန် စွမ်းအင် အရင်းအမြစ် ဆိုင်ရာ အခြေခံအဆောက်အဦ တည်ဆောက်ရေး စီမံကိန်း တွင် ကူညီထောက်ပံ့မည့် အမေရိကန် ဒေါ်လာ သန်း ၁၀၀ အား ဘဏ္ဍာရေး ဝန်ကြီးဌာန သို့ ပြန်လည် လွှဲပြောင်း ပေးအပ်သွားမည် ဖြစ်ပြီး အခြား ကူညီထောက်ပံ့မှု တစ်ရပ်ဖြစ်သည့် အမေရိကန် ဒေါ်လာ သန်း ၆၀ ကိုလည်း ရပ်ဆိုင်းမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ရုရှား နိုင်ငံ သမ္မတ အာဖဂန်နစ္စတန် နိုင်ငံ အရေး အထူး ကိုယ်စားလှယ် Zamir Kabulov က အမေရိကန် နိုင်ငံ ယခု ကဲ့သို့ ဆောင်ရွက်သည့် မူရင်း ရည်ရွယ်ချက် က အာဖဂန်နစ္စတန် နိုင်ငံ သို့ ငွေကြေး ထပ်မံ ထည့်သွင်းရင်းနှီးမြှုပ်နှံမှု မပြုလုပ်လိုတော့ခြင်းကြောင့် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ အနေဖြင့် ၂၀၀၁ ခုနှစ် တွင် အာဖဂန်နစ္စတန် နိုင်ငံ အား စစ်ရေး တိုက်ခိုက်မှု စတင် ဆောင်ရွက်ခဲ့ပြီး တာလီဘန် အုပ်ချုပ်မှု အား တွန်းလှန် ခဲ့ပြီးနောက် တွင် ယင်းစစ်ပွဲ မှ ပြန်လည် ရုန်းမထွက် နိုင်ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် အလွန်များပြားသည့် လူအင်အား နှင့် ပစ္စည်း များ အသုံးပြုခဲ့သော်လည်း အာဖဂန်နစ္စတန် နိုင်ငံ ၏ အခြေအနေ က မတည်ငြိမ်မှု ဆက်လက် ဖြစ်ပွား နေကြောင်း ၊ အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ယခုလ အစောပိုင်း တွင် အမေရိကန် နှင့် တာလီဘန် အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု က သေဆုံးသွားပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သဖြင့် အာဖဂန်နစ္စတန် နိုင်ငံ ၏ အနာဂတ် ငြိမ်းချမ်းမှု အလားအလာ ကို ပိုမို မှေးမှိန် သွားစေခဲ့ကြောင်း သိရှိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117