ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် International Series ပြိုင်ပွဲဖြစ်သော Egypt International 2019 ကြက်တောင်ပြိုင်ပွဲ တွင် မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ကမ္ဘာ့အဆင့် ၈၅ ရှိသည့် ပီရူးကြက်တောင်မယ် Daniela Marcias နှစ်ပွဲပြတ်အနိုင်ရရှိကာ ဗိုလ်လုပွဲတက်သွားကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) တရားမဝင်ကုန်ပစ္စည်းများကို တားဆီး ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတွင် ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့် အထူးအဖွဲ့များဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၈ခုနှစ်၊ စက်တင်ဘာ လ မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ဖမ်းဆီးအရေးယူမှု (၉၇၄)...
ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားသမ္မတနိုင်ငံ အစိုးရသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် အောက်တိုဘာ ၁၉ ရက်တွင် ရန်ကုန်မြို့မှ ဂျကာတာမြို့သို့ လေကြောင်းခရီး ဖြင့် ထွက်ခွာသွားရောက်ခဲ့ကြောင်း သိရသည်။
ဝူဟန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပထမပါတီကွန်ဂရက်သို့တက်ရောက်လာသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ပူးတွဲထောက်ပို့တပ်ဖွဲ့နှင့် အဆင့်မြင့် စစ်တပ်အရာရှိကြီးများကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲပေပြည်နယ်တွင် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ဂျက်ကီချန်းသရုပ်ဆောင်မည့် တရုတ်အက်ရှင်ရုပ်ရှင် ဖြစ်သည့် Vanguard ရုပ်ရှင်ဇာတ်ကားကို တရုတ်နှစ်သစ်ကူးကာလဖြစ်သည့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် တွင်တရုတ်နိုင်ငံ၌စတင် ပြသမည်ဖြစ်ကြောင်း တရုတ်ရုပ်ရှင်ဖြန့်ဖြူးခြင်းနှင့် ပြသခြင်းအဖွဲ့မှသိရသည်။
မော်စကို၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ခရက်စ်နာရက်စ်ခ်ဒေသ ခူရာဂင်စကီးခရိုင်တွင် ရေလှောင်တာတမံပြိုကျမှုကြောင့် သေဆုံးသူ ၁၃ ဦးအထိရှိလာပြီဖြစ်ကြောင်း ဒေသခံမီဒီယာက အောက်တိုဘာ ၁၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၉၈ဝ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုတိုက်ဖျက်ရေး ဗဟိုကော်မတီ(CCDAC)က ယနေ့သတင်းထုတ်ပြန်သည်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၈ ရက်၂၂း၃ဝနာရီ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၆) မောင်တောမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ...
ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံအရှေ့ပိုင်း ရှန်တုံပြည်နယ် ချင်းသောင်မြို့တွင် အောက်တိုဘာ ၁၉ ရက်၌ ဖွင့်လှစ်သော ပထမအကြိမ် ချင်းသောင် နိုင်ငံစုံပါဝင်သောထိပ်သီးအစည်းအဝေးသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများနိုင်ငံ ဒူဘိုင်းမြို့၌ အောက်တိုဘာ ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပ မည့် ကမ္ဘာ့အဆင့် စက်ရုပ်အိုလံပစ်ပြိုင်ပွဲ (First Global Robotics Olympics 2019) သို့ မြန်မာနိုင်ငံကိုယ်စားပြု ကျောင်းသား ကျောင်းသူလူငယ်များ ၀င်ရောက်ယှဉ်ပြိုင်မည်...
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံတွင် ကျင်းပသော ASIAN Academy Creative Awards 2019 ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ “လိပ်ပြာစံအိမ် (The Only Mom)” ရုပ်ရှင်ဇာတ်ကား ပါဝင်ယှဉ်ပြိုင်ခဲ့ရာ Regional Winners ဆု(၆)ဆု ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ကယနေ့ထုတ်ပြန်သည့်သတင်းအရ...