ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မြောက်တံတိုင်းရှည်ကျေးရွာအုပ်စုကွင်းရှိ နေအိမ်တွင် မူးယစ်ဆေးချက်ရာ၌ အသုံးပြုသော အီသာအရည်ပါ ပီပါ ၁၂၇ လုံးဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
လန်ဒန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ဗြိတိန်ပို့ဆောင်ရေးရဲတပ်ဖွဲ့ (BTP) က လန်ဒန်မြို့တောင်ပိုင်း Loughborough Junction ဘူတာရုံတွင် ရထားတစ်စင်းဖြင့် တိုက်မိ၍ လူ ၃ဦးသေဆုံးသွားကြောင်း ဇွန် ၁၈ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန် ၁၆ ရက် နှင့် ၁၇ ရက်က မိုးရေချိန် ၁၃.၇ လက်မထိ ရွာသွန်းခဲ့ရာ အဆိုပါမိုးကြောင့် အိမ်ထောင်စု ၂၂၁ဝ စု၊ အိမ်ခြေ ၃၅ဝ၅၊ စုစုပေါင်း လူဦးရေ ၇၄ဝဝ...
ကုလသမဂ္ဂ ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် အခြားသောကမ္ဘာ့နိုင်ငံများထက် အရပ်သားသေနတ်ပိုင်ဆိုင်သူဦးရေ အများဆုံးဖြစ်နေကြောင်း ၊ ပြီးခဲ့သော နှစ်က အမေရိကန်နိုင်ငံသား ၄ ရာခိုင်နှုန်းပိုင်ဆိုင်ထားသော သေနတ်အရေအတွက်မှာ ကမ္ဘာ့တစ်ဝန်းရှိ အရပ်သားသေနတ်ကိုင်ဆောင်သူ ဦးရေ၏ ၄ဝ ရာခိုင်နှုန်းအထိ ရှိနေကြောင်း စစ်တမ်းတစ်ခုက ဇွန် ၁၈ ရက်တွင်...
စတော့ခ်ဟုမ်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ဆွီဒင်နိုင်ငံတောင်ပိုင်း မယ်လ်မိုမြို့တွင် သေနတ်ပစ်ခတ်မှုကြောင့် လူ နှစ်ဦးသေဆုံးပြီး ဆက်စပ်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဆွီဒင်ရဲတပ်ဖွဲ့က ဇွန်လ ၁၉ ရက်က ပြောကြားခဲ့သည်။
၁၈.၆.၂၀၁၈. တတိယပွဲ – ပွဲပြီးရလဒ် အုပ်စု G တူနီးရှား ၁ -၂ အင်္ဂလန် ( ၃၅’) (၁၁’,၉၁’)
ပေကျင်း ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံအလုပ်သမားပါတီဥက္ကဋ္ဌ နှင့် နိုင်ငံ့ရေးရာကော်မရှင်ဥက္ကဋ္ဌ ကင်ဂျုံအန်သည် ဇွန်လ ၁၉ ရက် မှ ၂ဝ ရက်အထိ တရုတ်နိုင်ငံသို့လာရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)
ဟူစတန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) မက္ကဆီကိုနယ်စပ်နှင့် ထိစပ်လျက်ရှိသော အမေရိကန်နိုင်ငံ တက္ကဆက်(Texas)ပြည်နယ် တောင်ပိုင်း မြို့တစ်မြို့တွင် ဇွန် ၁၇ ရက်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား တင်ဆောင်လာသည့် ကားတစ်စင်းသည် ဖမ်းဆီးမှုများကို ရှောင်တိမ်းရာမှ ယာဉ်မတော်တဆဖြစ်ပွားခဲ့ရာ လူ ၅ ဦး သေဆုံး ခဲ့ကြောင်း...
ဒမတ်စကပ်စ်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Deir al-Zour ပြည်နယ် ရှိ ဆီးရီးယားစစ်တပ်စခန်းတစ်ခုအား ပစ်မှတ်ထား၍ ဇွန် ၁၇ ရက်တွင် အမေရိကန်နိုင်ငံမှ ဦးဆောင်၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လူသေဆုံးမှုများရှိခဲ့ကြောင်း ပြည်တွင်းသတင်းတစ်ခုကဖော်ပြခဲ့သည်။
နယူးဒေလီ ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများတွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Assamပြည်နယ် ၊ Tripuraပြည်နယ်၊ Manipurပြည်နယ်များတွင် မိုးသက်မုန်တိုင်းတိုက်ခတ်မှုများ ၊ရေကြီးရေလျှံမှုများ ဖြစ်ပွားခြင်းကြောင့် သေဆုံးသူ အနည်းဆုံး ၂၃ ဦး ရှိပြီး လူသိန်းပေါင်းများစွာ ရေဘေးသင့်ခဲ့သည်ဟု အိန္ဒိယ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန အရာရှိတစ်ဦးက ဇွန်...