Connect with us

Asia

သီရိလင်္ကာနိုင်ငံ သမ္မတရွေးကောက်ပွဲ နိုဝင်ဘာလ ၁၆ ရက် တွင် ကျင်းပမည်

သီရိလင်္ကာနိုင်ငံ ၏ သမ္မတရွေးကောက်ပွဲတစ်ခုတွင် မဲပေးရန် တန်းစီနေကြသည့်ပြည်သူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ၏ သမ္မတရွေးကောက်ပွဲများကို နိုဝင်ဘာလ ၁၆ ရက် တွင် ကျင်းပမည်ဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၈ ရက်တွင် ကြေညာခဲ့သည်။

လက်ရှိသမ္မတသက်တမ်းကုန်ဆုံးရန် နှစ်လအလိုတွင် ရွေးကောက်ပွဲအား ကျင်းပရန်ရက်အား သတ်မှတ်ခြင်းဖြစ်သည်။ အထူးပြန်တမ်းထုတ်ပြန်ချက်တစ်ရပ်တွင် သမ္မတလောင်းများအနေဖြင့် ၎င်းတို့၏ အဆိုပြုချက်အား အောက်တိုဘာလ ၇ ရက်တွင် တင်ပြရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။

သီရိလင်္ကာနိုင်ငံကျွန်းနိုင်ငံ၏ အဓိက အတိုက်အခံပါတီ က သမ္မတဟောင်း Mahinda Rajapaksa ၏ ညီဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ Gotabaya Rajapaksa အား သမ္မတရွေးကောက်ပွဲအတွက် စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း သိရသည်။

အာဏာရပါတီဖြစ်သည့် ဝန်ကြီးချုပ် Ranil Wickremesinghe ၏ United National Party (UNP) ပါတီမှ ကလည်း နောက်ရက်သတ္တပတ်တွင် အမည်စာရင်းတင်သွင်းမည်ဖြစ်ကြောင်း UNP ပါတီ ၏ အထွေထွေ အတွင်းရေးမှူး Akila Viraj Kariyawasam စက်တင်ဘာလ ၁၈ ရက် အစောပိုင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ပါတီငယ်တစ်ခုဖြစ်သည့် Janatha Vimukthi Peramuna (JVP) ပါတီကခေါင်းဆောင် Anura Kumara Dissanayake အားသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းထားခဲ့သည်။

သမ္မတရွေးကောက်ပွဲ တွင် အရွေးခံမည့် သမ္မတလောင်း ၁၈ ဦးစာရင်းပေးနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင် ၏ ပြောကြားချက်ကိုဒေသခံမီဒီယာများတွင် ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.