အဘူဂျာ မတ် ၆ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ ၏ အနောက်မြောက်ဘက် Zamfara ပြည်နယ် တွင် သေနတ်သမားများ ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့ကြောင်း ဒေသခံရဲက မတ်လ ၅ ရက်နေ့ တွင်ပြောအတည်ပြုခဲ့သည်။
ဆစ်ဒနီ၊ မတ် ၆ ရက် (ဆင်ဟွာ) ဘူတန်နိုင်ငံမှ ရင်ချင်းဆက်အမွှာဖြစ်သော နီမာ (Nima) နှင့် ဒါဝါ (Dawa) တို့သည် သြစတြေးလျနိုင်ငံတွင် ခွဲစိတ်မှုခံယူပြီးနောက် လေးလနီးပါးအကြာတွင် မဲလ်ဘုန်းလေဆိပ်မှ မတ်လ ၆ ရက်တွင် ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မံစီမြို့နယ်၌ ဗုံးသီးဟောင်းပေါက်ကွဲ၍ လူငယ် ၆ ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ခတ္တမန္ဒူ၊ မတ် ၆ ရက်(ဆင်ဟွာ) ၁၃ ကြိမ်မြောက် တောင်အာရှအားကစားပွဲကျင်းပရန်အချိန်ကို ထပ်မံ ပြောင်းလဲလိုက်ပြီဖြစ်ရာ ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ ၁၀ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း နီပေါအိုလံပစ် ကော်မတီက မတ်လ ၅ ရက် ခတ္တမန္ဒူမြို့၌ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့ ကြောင်း သိရသည်။
ဒမတ်စကပ်၊ မတ် ၆ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြောက်ပိုင်း Aleppoပြည်နယ်တွင် မတ်လ ၅ ရက်က မြေမြုပ်မိုင်းထပ်မံပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၇ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ မတ်လ ၆ ရက်(ဆင်ဟွာ) ရေကဏ္ဍ ဘက်စုံ စီမံခန့်ခွဲမှု အောင်မြင်ရေးအတွက် ဘက်စုံ အလွှာစုံက တက်ကြွစွာ ပါဝင် လှုပ်ရှား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ၂၀၁၉ ခုနှစ် ကမ္ဘာ့ရေနေ့အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ မတ် ၆ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံတွင် တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းကို နှိမ်နင်းလျက်ရာ လက်နက်ကိုင် ၄၄ ဦး အား ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Shehryar Afridiက မတ်လ ၅ ရက်တွင် ပြောကြားခဲ့ သည်။
ပရက်ဂ်၊ မတ် ၆ ရက် (ဆင်ဟွာ) ချက်သမ္မတနိုင်ငံ အရှေ့တောင်ပိုင်း Brno မြို့ရှိ ဘူတာရုံတွင် မတ်လ ၅ ရက်နံနက်ပိုင်းက ရထားတိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အန်ကာရာ၊ မတ် ၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အရှေ့တောင်ဘက် Kilis ပြည်နယ် ရှိ ဆီးရီးယားနယ်စပ်အနီးရှိ နယ်စပ်ဂိတ်တစ်ခုအား ပိတ်ထားရာမှ ၈နှစ်အကြာဖြစ်သော မတ် ၅ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၆ ရက်(ဆင်ဟွာ) စီးပွားရေးကဏ္ဍအပေါ် ဖိအားများ တိုးမြင့်လာနေလင့်ကစား တရုတ်နိုင်ငံသည် လူမှုရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်း၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြိုးပမ်းအားထုတ်ခြင်းကို မဆုတ်မနစ်သောဇွဲ နှင့် အာရုံစူးစိုက်မှုအပြည့်ဖြင့်ကမ္ဘာကြီးကို အာမခံပြောကြားအသိပေးလျက်ရှိသည်။