ရီယိုဒီဂျနေးရိုး၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် သက်တမ်းလွန်အသားများ သို့မဟုတ် သန့်စင်မှုမရှိဘဲ ရောနှောအသားများ ရောင်းချခြင်းတွင် ပါဝင်ခဲ့ကြသော လူ ၆၃ ဦးအား လာဘ်စားမှု စီမံချက် တစ်ရပ်အရ တရားစွဲဆိုနိုင်ခဲ့ကြောင်း ဧပြီလ ၁၆ ရက်တွင် ပြည်ထောင်စု ရဲတပ်ဖွဲ့က ပြောသည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ဧပြီလ ၁၆ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းတွင် ဝင်ရောက်ခဲ့သည့် မာရသာ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ကနဦး သတင်းရရှိမှုစာရင်း၏ ပျက်စီးဆုံးရှုံးခဲ့မှုများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ...
ပေကျင်း၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး ကုန်ပစ္စည်းထောက်ပံ့ရေးအာကာသယာဉ် ဖြစ်သော Tianzhou-1 အား အာကာသအတွင်းသို့ ဧပြီ ၂၀ ရက် မှ ၂၄ရက်ကြား လွှတ်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသည့်အာကာသအစီအစဉ်ရုံး၏ ပြောကြားချက်အရ သိရသည်။
တိုကျို၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဖူကူအိုကာစီရင်စု တွင် ဧပြီ ၁၇ ရက်က မီးသတ်သမား ၅၄ဦး ကို တင်ဆောင်လာသော ပုဂ္ဂလိက ဘတ်စ်ကားတစ်စီး နှင့် ကားတစ်စီး တိုက်မိခဲ့၍ လူ ၂၃ဦးအား ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ၎င်းတို့အနက် တစ်ဦးမှာ...
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မာရသာ ဆိုက်ကလုန်းမုန်တိုင်းပြီးသည့်နောက် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် အားပျော့သွားပြီး ဖြစ်သည့်အတွက် အစိမ်းရောင်အဆင့်ဟု သတ်မှတ်လိုက်ပြီဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။ အစိမ်းရောင်အဆင့်ဆိုသည်မှာ မုန်တိုင်းအန္တရာယ်ပြီးဆုံးခြင်း သင်္ကေတဖြစ်သည်။
ပေကျင်း၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ၊ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ အမြဲတမ်းကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ကျန်းကောလိသည် အယ်လ်ဘေးနီးယားနိုင်ငံသို့ ဧပြီ ၁၆ ရက်တွင် ၂ရက်တာခရီးစဉ်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ၂၀၁၇ ခုနှစ်၊ မဟာသြင်္ကန်ကာလတွင် သေဆုံးသူ ၁၄ ဦး၊ ဒဏ်ရာရရှိသူ ၁၅၂ ဦး ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ဆိုင် ကလုန်းမုန်တိုင်း မာရသာ အရှိန်ကြောင့် သံတွဲမြို့နယ် တရော်တောကျေးရွာတွင် လူနေအိမ်(၁၀)လုံး ဓနိ ခေါင်မိုးပျက်စီးခဲ့ပြီး ဓနိမိုး၊ဓနိထရံကာအိမ်(၁)လုံး ပျက်စီးကာ၊ ကျောက္ကလပ်ရွာတွင် လူနေ အိမ်(၁၀)လုံး၊ မှိုဟင်းပြင်ရွာတွင် လူနေအိမ်(၆)လုံး ခေါင်မိုးများ ပျက်စီးကာ၊ တုံးတော အုပ်စု ခတ္တူကျေးရွာ...
ဗီနီးယက်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အဆင့်မြင့် ဥပဒေပြုလွှတ်တော် အမတ် ကျန်းတယ်ကျန်း (Zhang Dejiang) သည် လစ်သူရေးနီးယား (Lithuania) နိုင်ငံသို့ သွားရောက်ခဲ့ပြီး တရုတ်နှင့် လစ်သူရေးနီးယားနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု လွယ်ကူစေရေးနှင့် ဆက်ဆံရေး ခိုင်မာစေရေးအတွက် သဘောတူခဲ့ကြသလို ၎င်း၏ ဘော်လ်တစ်နိုင်ငံ...
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်တွင် မာရသာမုန်တိုင်း တိုက်ခတ်မှုကြောင့် ကျောက်ဖြူ(IDP)စခန်း၊ (၈)ခန်းတွဲ လူနေ အိမ်အဆောက် အဉီး(၁)လုံး၊ မာန်အောင်မြို့နယ်တွင် စာသင်ကျောင်း (၆)ကျောင်း၊ ဘုန်းတော်ကြီး ကျောင်း(၂)ကျောင်း၊ မြို့နယ်ပြည်သူ့ဆေး ရုံခေါင်မိုး၊ လူနေအိမ်(၇)လုံး၊ အခြား အဆောက်အဦး(၂)ခု ထိခိုက် ပျက်စီး...